loikaw virus
loikaw virus က ရှင်းရတာ လွယ်ပါတယ်။ နောက်ပေါ်တဲ့ anti virus တွေလည်း loikaw ကိုတွေ့ နေကြပါပြီ... အားပေးတာကတော့ cmd ထဲမှာ ၀င်ရှင်းပါ..အသုံးပြုချင်တဲ့လူတွေအတွက် ကျွန်တော်တင်ပေးပါ့မယ်.. window key + R ပြီးတာနဲ့ cmd ရိုက်လိုက်ပေါ့..
တစ်ခုတော့ရှိတာပေါ့ cmd ထဲမှာ သုံးလို့ ရတဲ့ switch တွေကို နားလည်ရင်ပိုကောင်းပါတယ်.. cmd ထဲမ၀င်ခင်မှာ အရင်ဆုံး msconfig ကို Run box ထဲမှာ အရင်ရိုက်ပြီး startup tag ထဲက ဗိုင်းရပ်ကို စပြီး မောင်းတဲ့ loikaw.exe ကို ဖြုတ်ပစ်ရပါမယ်။ loikaw.exe က task manager ကို ပိတ်ပစ်လိုက်ပါတယ်..
Run နေတဲ့ ဗိုင်းရပ်ကို အရင် ရပ်ပစ်ရပါမယ်.. Virus ရဲ့ သဘောတရားအတိုင်း source ကို နှစ်ပိုင်းခွဲထားတယ်.. တစ်ခုက Hard disk မှာ နေတယ်.. နောက်တစ်ခု က system (RAM) ထဲမှာ Run နေတယ်.. ကျွန်တော်တို့ က အရင်ဆုံး Hard Disk ထဲက ကောင်ကို အရင် ဖျက်ပစ်ရပါမယ်။ အဲဒီကောင်က window boot တက်တိုင်း သူက စပြီး အလုပ်လုပ်ရတာပါ။ သူမရှိရင် ဗိုင်းရပ်စ်က နိုးမှာမဟုတ်ပါဘူး.. သူက hidden file ပါ... မတွေ့ နိုင်ပါဘူး.. Windows ထဲမှာရယ် system32 ထဲမှာ ရယ် document and settings ထဲမှာ အကုန်ရှာရပါမယ်... အဲလိုရှာဖို့အတွက် သုံးရမှာက cmd ပါ။
Task manager ကို ခေါ်ရန်ပထမနည်းလမ်း
တစ်ခုကို သတ်ရင် တစ်ခုက ပြန်နှိုးတယ်.. task manager ကို ပြန်ခေါ်နိုင်ဖို့အတွက် gpedit.msc ကို Run box ထဲမှာ ရိုက်ထည့်ပါ။ user configuration အောက်က administrative templates မှာ ရှိတဲ့ system အောက်က Ctr+Alt+Del Option မှာ Remove Task Manager ကို Disable လုပ်ပါ။ ပြီး ရင် Run box ထဲမှာ gpupdate ဆိုပြီး group Policy ကို update လုပ်ပါ။ ပြီးရင် Task Manager ကို ခေါ်ကြည့်ပါ။
မရခဲ့လျှင် -----
Task List ကို အသုံးပြုခြင်း
ကျွန်တော်တို့အတွက် virus process များကို ရပ်နိုင်ဖို့အတွက် Task List တစ်ခုလုံးကျန် ပါသေးတယ်။ Task list သည် cmd ထဲမှာ ၀င်သုံးရခြင်းဖြစ်ပါသည်။ cmd ထဲတွင် Tasklist ဟု ရိုက်လိုက်ပါ။ Tasklist များကျလာလျှင် PID No. ကို လိုက်၍ Task kill လုပ်နိုင်ပါတယ်။ ဗိုင်းရပ်စ် ရဲ့ process ကိုအတိအကျသိဖို့တော့လိုတယ်…Taskkill /f /(PID No.) အနေဖြင့် ဗိုင်းရပ်စ် လုပ်ငန်းစဉ်များကို ရပ်ပစ်လို့ရပါတယ်။
ဗိုင်းရပ်လုပ်ငန်းစဉ်များကို ရပ်လိုက်တာနဲ့ infected file တွေကို ဖျက်လို့ရပါပြီ… Cmd ကို အသုံး ပြုပြီးဖျက်ရမှာဖြစ်ပါတယ်။
Cmd ထဲမှာ ဖျက်နည်းကတော့…
အရင်ဆုံးcmd ထဲဝင်ပါ။ document and settings ကိုအရင်ရှာကြည့်ပါ.. ရိုက်ရမယ့် command ကတော့ attrib ပါ။
A = archive file ပါ။
H = Hidden file ပါ။
S= System file ပါ။
R = Read only file ပါ။
Virus တွေက ASHR အနေနဲ့ရှိနေတတ်ပါတယ်။ တစ်ခါတစ်လေ တစ်အားသတိထားရတယ်.. virus လား system file လားဆိုတာ.. မှားဖျက်ရင် windows တက်တော့မှာမဟုတ်ပါဘူး..
သတိထားပါ။ ပုံမှန်ရှိရမယ့်ဖိုင်မဟုတ်ရင် ဖျက်သာဖျက်ပစ်ပါ။ ဖျက်တဲ့အခါလည်းသတိထားပါ။ ဘာလို့လဲဆိုတော့ တစ်ချို့တစ်ချို့သော virusတွေက system file ကို hidden လုပ်ပြီး သူကတော့ system fileတွေ နေရာမှာ ၀င်ယူနေတတ်တယ်..အထူးသဖြင့် folder ယောင်ဆောင်တဲ့ဗိုင်းရပ်တွေပေါ့.. cmd ထဲမှာ ဖျက်တဲ့ command ကို အောက်မှာဖော်ပြပေးထား ပါတယ်။
Del ပါ။ force က /f ပါ။ S ဖိုင်တွေကို ဖျက်ဖို့အတွက် R ဖိုင်တွေကိုဖျက်ဖို့အတွက်လိုပါလိမ့်မယ်။
Switch တွေကို ကြည့်ချင်ရင်တော့ del /f /a (ဖျက်ချင်သောဖိုင်နာမည် အပြည့်အစုံ)
Del /? ကတော့ del နဲ့ တွဲသုံးနိုင်သော switch တွေကို အကုန်ပြောပြပါလိမ့်မယ်။
နောက်တစ်ခုအနေနဲ့တော့ cmd ထဲမှာ သုံးနိုင်သော switch တွေအကုန်လုံးကို ဒီ command နဲ့ ရှာကြည့်ပါ ။ နောက်စမ်းသပ်ကြည့်ပါ။ cmd က ပျော်စရာကောင်းပါလိမ့်မယ်။
ref:kosainyunt
Subscribe to:
Post Comments (Atom)
No comments:
Post a Comment