လွမ်းယစ်ဝေတဲ့ဆောင်းနှောင်းဆည်းဆာ


ဆာဗူသီး၊တောင်ခြေခေါင်ရည်နဲ့
မှိုင်းမှုန်ဝေတဲ့တောင်တန်းတွေကိုလွမ်းတယ်
တာဟန်း၊ ဝေလေးကဖေးနဲ့သားကြီးများကိုလွမ်းတယ်
ဝေးနေမှ..တယုတယနဲ့ချွဲနေတတ်တဲ့ Hamster လေးကိုလဲလွမ်းတယ်
ကလေးတမူးလမ်းမကြီးရဲ့ဘေးက
မြစ်သာမြစ်ရဲ့ ဆောင်းနှောင်းဆည်းဆာကိုလဲလွမ်း...
နောက်ဆုံး...
လွမ်းစရာတွေကိုထိုင်လွမ်းနေတဲ့
ငါ့..ကိုယ်ငါကိုလဲ....
အင်း..
တော်တော်လွမ်းနေမိတယ်

No comments:

Post a Comment