Funny က တော်တော်ကို သောင်းကျန်းတာအမှန်ပါ..
ကျွန်တော်လဲ သိသလောက်လေး ၀င်ရေးကြည့်မယ်နော်.. ဟီးဟီး

သူများတွေတော့ ဘယ်လို Funny ကို ရှင်းကြမလဲမသိဘူး...
ကျွန်တော်ရှင်းတဲ့နည်းနဲ့ တူချင်မှလဲ တူပါလိမ့်မယ်..

ဒီလိုဗျ
ပထမဆုံး Boot CD တစ်ချပ်ကို အသုံးပြုပါ...
(Active Media , National CD စတဲ့ CD ဆိုင်တွေမှာ ၀ယ်လို့ ရပါတယ်.)

Funny ၀င်လိုက်တာနဲ့ ကိုယ့်ရဲ့ စက်ထဲမှာ
c:\msiexec\update.exe & msi.exe
C:\Documents and Settings\Administrator\Application Data\
C:\Documents and Settings\LocalService\Application Data\
ဒီလိုနေရာမျိုးတွေမှာအရင်ဆုံး နေရာယူပါတယ်.. msiexec ဆိုတဲ့ ဖိုဒါလေးနဲ့ အထဲမှာ update.exe ဖိုင်ရယ်.. msi.exe ဖိုင်ရယ် နှစ်ဖိုင် တည်ရှိပါတယ်..
taskmanager မှာ run တာဒီ နှစ်ဖိုင်ပါ.... funny ၀င်တာ ကြာနေတဲ့ စက်တွေအတွက်တော့ ဒီနေရာထက် ပိုသော နေရာတွေမှာ ထပ်ရှိပါမယ်.. ဒါက ၀င်ဝင်ချင်း တွေ့ရတတ်တဲ့ နေရာတွေပါ...

kill.exe ဒီဖိုင်တစ်ဖိုင်လဲ ပါသေးတယ်ဗျ...
c:\Windows\system32\DirectX\

ပြီးတော့
[autorun]
open=update.exe
shellexecute=update.exe
shell\Explore\command=update.exe
shell\Open\command=update.exe
shell=Explore
အဲလိုရေးထားတဲ့ autorun.inf ဖိုင်လေးလဲ ပါသေးတယ်...

ကဲ စကားပြန်ဆက်လိုက်မယ်...
Boot CD နဲ့ Boot တက်လိုက်ပါ..
ပြီးလျှင်... msiexec ဆိုပြီး search လုပ်... del လုပ်ပစ်... kill.exe ဖိုင်လဲပါတယ်.. autorun ဖိုင်လဲပါတယ်. အကုန်ဖျက်ပစ်...

ကုန်ပြီသေချာရင် Restart ပြန်လုပ်လိုက်ပါ... ကဲ ..Funny ဘာတတ်နိုင်သေးလဲ...

Desktop ပေါ်က Funny ဖိုဒါအတွက်တော့ Clean Desktop now လုပ်ရင် ရပါပြီ

ှSource:ref- kosainyunt

No comments:

Post a Comment