အလွမ်းရာသီ

နေသာသလိုနေပေမယ့်
တကယ်တော့ငါရူးနေခဲ့တာပါ
တတိတိနဲ့ကုန်သွားတဲ့စီးကရက်ရဲ့
မီးခိုးမှိုင်းမှိုင်းတွေနောက်
တကောက်ကောက်..အရူးအမူးလိုက်ပါရင်း
ပီကေတွေတဖောက်ဖောက်ဝါး..
စကားတွေချစ်စရာကောင်းအောင်
ပြောတတ်တဲ့မင်းကို
ငါတိတ်တဆိတ်ပဲ..လွမ်းနေခဲ့တာ
ဒီအချိန်ထိဆို..တထောင့်တညတောင်ရှိခဲ့ပေါ့

အပြာရောင်အလွမ်းတွေက
ဗိုင်းရပ်စ်တွေလိုတဇစ်ဇစ်ခုန်ပေါက်လို့
အပေါင်းတစ်ခုကို...
ကြက်ခြေခတ်လို့မြင်ခဲ့ရအောင်
နှစ်ယောက်လုံး..မာနတွေနဲ့မှားခဲ့သလား
တကယ်တော့..မင်းမျက်လုံးမှာ
ဘာတွေရှိတယ်ဆိုတာ..ငါသိနေရက်နဲ့
မမြင်ချင်ယောင်ဆောင်ခဲ့တာ..ငါ့အမှား
ငါ..ဘာတွေဖော်ပြနေတာ..သိသိရက်နဲ့
ဥပက္ခာပြုဖို့ကြိုးစားခဲ့တာလဲ
မင်းအမှားပေါ့ကွယ်

စိတ်ရူးပေါက်နေတဲ့..အတွေးတွေနဲ့
ငါ့ကိုယ်ငါသော့ခတ်သိမ်းဆည်းပေမယ့်
သိပ်မညီညာလှတဲ့
အလင်္ကာတပိုင်းကို..ရွတ်နေမိခဲ့တာ
ဦးပုညသာမြင်နိုင်မယ်ဆိုရင်
ငိုချင်းတပုဒ်လောက်တော့
ဖြစ်လာမယ်..ကောင်မလေးရေ..

အလင်းတွေဆာငတ်တဲ့ရင်အုံနဲ့
အ၀ါရောင်အနမ်းဖျော့တွေအတွက်
စတုတ္ထမြောက်ကောင်းကင်ကိုတောင်ရောက်ခဲ့ပေမယ့်
ငါ့..သတိတွေ..ချည်တိုင်မှာညှိနေခဲ့လို့
တိမ်တွေတောင်မှောင်ကျသွားပေါ့

တဖက်ပိတ်တံခါးတွေကိုတွန်းဖွင့်ဖို့ကြိုးစားနေမိခဲ့ရင်း
ကြိုမသိနိုင်တဲ့နောက်ကြည့်မှန်တစ်ချပ်လို
သိမ်းထားပါမင်းမပြောခဲ့ပေမယ့်
အလိုအလျောက်ဒီမှတ်ဥာဏ်ကသိမ်းထားခဲ့တော့
တကယ်..ငါ့ကိုယ်ငါတောင်မုန်းမိတယ်

ဟုတ်ပါတယ်လေ
တခါသာမှားခဲ့ကြပေမယ့်
နပိုလီယန်လိုတော့..
ငါ..မညဉ်းတော့ပါဘူးကွယ်

ဆာယိုနာရာ...

Read more...
မြန်မာပြည်မှ..ဘီလ်ဂိတ်ထံသို့..ရေးစာ

မင်္ဂလာပါ...
သတင်းလေးတခုကြေငြာချင်ပါတယ်။ နောက်ထုတ်မယ့် Microsoft ရဲ့ Window OS မှာ မြန်မာစာကိုပံ့ပိုးပေးတဲ့
Operating System ထည့်သွင်းပေးဖို့..မြန်မာBloggerတွေ၊ Web-developer တွေနဲ့ မြန်မာကွန်ပြူတာသမားအား
လုံး Signature Campaign တစ်ခုလုပ်နေကြပါတယ်...ခုမှ လူသုံးထောင်ကျော်ပဲ ရှိသေးပါတယ်။

ဒီ Campaign လေးမှာပါဝင်ကြဖို့..ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်..။ထွေထွေထူးထူးလုပ်စရာမရှိပါဘူးခင်ဗျာ..။
ပေးထားတဲ့ box ထဲမှာ ကိုယ့်ရဲ့ Data information လေးတွေကို တင်ပေးလိုက်ရုံပါ..။မြန်မာပြည်သားတွေ
အဆင်ပြေနိုင်ကြပါစေ..။

ဒီဖောင်..လေးကိုဖြည့်ဖို့ ဒီနေရာ လေးကို နှိပ်ပါခင်ဗျာ...။
Read more...



Read more...

Window 7 &Window Vista ကို..Window XPမှာမျိုးပွားမယ်

ဘော်ဒါတွေ.. XP သုံးနေရင်း..တန်းလန်း..သူများတွေသုံးနေတဲ့..Window 7,window vista တွေကို
သွားရေကျနေခဲ့ရင်..ဒီ..ခုကျွန်တော်တင်ပေးမယ့် ဟာလေးကိုသုံးကြည့်ကြပါ။
ဒီဟာလေးကို..ကျွန်တော် mmit ကနေရလာတာပါ.. ဒီအတွက်..
ကိုထက်ဇော်ကိုကျေးဇူးတင်ပါတယ်။ခုကျွန်တော်..ပေးထားတဲ့ လင့်ခ် တွေထဲက ပထမဆုံး လင့်ခ်က Window Vista ပုံစံပြောင်းပေးမယ့်Software ရဲ့ Download link ဖြစ်ပါတယ်..
လိုချင်ရင် ဒီမှာ နှိပ်ပြီးဒေါင်းနိုင်ပါတယ်ခင်ဗျာ...။


ဒီတခါတော့.. Window 7 ပုံစံအဖြစ်ဖြင့်ပြောင်းပေးမယ့်
Software ရဲ့ download link ကိုပေးပါမယ်..။
ဒီ..ကျွန်တော်ပေးခဲ့တဲ့..software တွေဟာ.. ဒေါင်းပြီးရင်
Reboot မလို..CD တစ်ချပ်မလို ဒေါင်းလုဒ်၊ လုပ်ပြီးတာနဲ့ တန်းသုံးလို့ရပါတယ်..ခင်ဗျ..။ကဲ..ပြောနေ
ရင်ကြာတယ်....ဒေါင်းလိုက်တော့..နော်..
ပထမ ပုံစံအတွက်က.... ဒီမှာ....
ဒုတိယ ပုံစံအတွက်က..ဒီမှာပါ.....
အဲ .. ဒါပေမဲ့ အဲဒီမှာ..နောက်တစ်ခု တော့ ကျန်သေးတာက.. အဲ့အပေါ် က Theme တွေမှာ တစ်ချို့ တစ်လေက Theme ပဲပြောင်းပေးသွားတာ ။ Mouse Properties ကို တစ်ချို့ ဟာတွေက ပြောင်းမပေးသွားဘူး ဗျ ။ အဲ့ဒါကြောင့် Mouse Pointer နဲ့ Loading မှာတော့ XP စတိုင်တွေပဲ ကျန်ခဲ့မှာ ။ ဒါပေမဲ့ မပူပါနဲ့  ။ အဲ့ Mouse Pointer ကို သီးသန့် ပြောင်းပေးတဲ့ ဟာလေးပါ တင်ပေးလိုက်တယ်ဗျာ ။ အဆင်ပြေအောင်ပေါ့ ။ Theme တွေမပြောင်းပဲ Mouse Properties လေးပဲ ပြောင်းသုံးချင်သုံးပေါ့ ။ မိုက်တာတော့ မိုက်တယ်နော် .. ။

အဲဒါကို.. ဒီမှာ ယူပါခင်ဗျာ....

(မြန်ပြည်သားတွေကတော့..ဒီနေရာ..ကနေ..သွားယူတော်မူကြပါကုန်)
Read more...
ကျွန်တော်ကြိုက်မိတဲ့..Punk'Rock သီချင်းလေးပါ။ အသံရှရှ နဲ့ Paramore ရဲ့ Brick by Boring Brick ပါ။
Numetal နဲ့ Emo စော်&ဘဲ တွေကြိုက်မယ်ထင်ပါတယ်။


Read more...

Read more...
ဒီလမ်းမကြီးရဲ့ဘေး..... ၀ိုင်းစုခိုင်သိန်းဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်
အီမိုခရေဇီ တွေနဲ့ ဖော်ကွာဝေး..ဘော်၊စော်တွေ နားဆင်ဖို့ပါ...


Read more...