ကျွန်တော်တို့တွေဟာ..ဒီတိုင်းပြည်ရဲ့..လူငယ်တွေပါ..
ကျွန်တော်တို့တွေဟာ...ဒီတိုင်းပြည်ရဲ့..အသီးအပွင့်တွေပါ...
ကျွန်တော်တို့တွေဟာ...ဒီတိုင်းပြည်ရဲ့..အနာဂတ်တွေပါ
ကျွန်တော်တို့တွေဟာ...ဒီတိုင်းပြည်ရဲ့..မျိုးဆက်တွေပါ
ကျွန်တော်တို့တွေဟာ...ဒီတိုင်းပြည်ရဲ့....အိမ်မက်တွေပါ
နောက်ဆုံး..ကုန်ကုန်ပြောရရင်.... ကျုပ်တို့ဟာ..
ဒီတိုင်းပြည်ကို............သိပ်ချစ်ကြတဲ့သူတွေပါ..
ဘာကြောင့်များ....နေချင်စရာကောင်းလှတဲ့တိုင်းပြည်ကနေ
ကျုပ်တို့တိုင်းပြည်ရဲ့..ပညာရှင်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ နိုင်ငံရေးကျောင်းသားတွေ..နဲ့
လူသားအရင်းမြစ်တွေဖြစ်တဲ့ ကျုပ်တို့..ရဲ့..ပျိုရွယ်နေသေးတဲ့..အစ်ကို၊ အစ်မ
ညီတွေနဲ့..ညီမ...တိုင်းတပါး၊ သူများဆီမှာ
ဘာကြောင့်များ...ရောက်နေရတာပါလိမ့်
ဘာကြောင့်များ..ဒီတိုင်းပြည်ကလူတွေဟာ
(ဘာမှလဲမလုပ်ခဲ့ရပါပဲ)တိုင်းပြည်ခြားမှလူတွေဆီမှာ..
ဘာကြောင့်များ......မျက်နှာငယ်နေရတာလဲ
ဒီတိုင်းပြည်ကလာမှန်းသိတာနဲ့..
ဘာကြောင့်များ...တပြည်သားတွေက..အထင်မြင်သေးတဲ့မျက်လုံးတွေပို့လွတ်ကြတာလဲ
ငါတို့..ဒီတိုင်းပြည်မှာမွေးခဲ့တာအပြစ်တခုမဟုတ်ခဲ့ရင်...ဒီအဖြစ်တွေဖြစ်အောင်
လုပ်ခဲ့တဲ့..အပြစ်ရှိသူဟာ..ဘယ်သူလဲ...?
ဘာကြောင့်များ....ကိုယ်အဖေအမေ၊မိဘအသိုင်းဝိုင်းနဲ့ခွဲပြီး
(ဘယ်သူမှခွဲချင်မှာမဟုတ်ပေမယ့်)
ဘာကြောင့်များ......သူတပါးတိုင်းပြည်မှာ...
အောက်ကျနောက်ကျနဲ့..ပညာရှာနေရတာလဲ
ဲ( ဒီတိုင်းပြည်မှာဘာလို့သင်ယူခွင့်မရကြတာလဲ? ဒီတိုင်းပြည်ကပညာရေးဘာလို့နိမ့်ကျနေရတာလဲ)
ဘာကြောင့်များ....ပြည့်စုံတဲ့သဘာဝသယံဇာတတွေကြွယ်ဝနေရဲ့သားနဲ့..
တပါးမြေမှာ...အလုပ်သမားတွေလာဖြစ်နေကြရတာလဲ..ကျုပ်တို့တွေဟာ...
သူတပါးတိုင်းပြည်သားတွေ..ခိုင်းဖို့..ဒီတိုင်းပြည်မှာလူလာဖြစ်နေကြရတာလား..
(၀ဋ်ကြွေး...ပါ..လာမပြောနဲ့...လာခဲ့ဒီဝဋ်ကြွေး..နုပ်နုပ်စဉ်းပြစ်လိုက်မယ်)
ဘာကြောင့်များ.."ရွှေတွေ"ဟာ "စ၊ ဖ၊ ယ၊ ဘ၊ အ၊ မ" တွေကြားမှာ...
လူကအရည်အချင်းရှိပေမယ်...ဒီနိုင်ငံသားဖြစ်ရခြင်းကြောင့်....
ဘာကြောင့်များ.....နောက်ကောက်ကျ..ကျဉ်ခြင်း..ခံနေကြရတာလဲ...
(လခများများရလို့..ငါအလုပ်သမားမဟုတ်ဖူးဆိုပြီးကိုယ့်ကိုယ်ကို..လိမ်နေကြရတဲ့
ဒီနိုင်ငံသားတွေ..၊ တပါးနိုင်ငံသားလိုလိုဟန်ဆောင်နေကြရတဲ့ဒီနိုင်ငံသားတွေကို
သနားမိတယ်၊ အထူးသဖြင့်..ဒီနိုင်ငံသားဖြစ်နေရက်နဲ့..ကိုယ့်နိုင်ငံသားတွေကို..
အဖက်မတန်သလိုလုပ်သော..ရွှေကျီးများကို ပြင်းပြင်းထန်ထန် ရှုံ့ချတယ်..
ကျီးကန်းဟာ...ကျီးကန်းပါပဲ...)
ဘာကြောင့်များ ...တိုင်းပြည်ကိုသိပ်ချစ်ကြတဲ့သူတွေဟာ..
တိုင်းပြည်ပြင်ပကိုရောက်နေကြရပြီး....
တိုင်းပြည်ကိုရောင်းစားမယ့်ကောင်တွေဟာ...
ဘာကြောင့်များ ....အိမ်ဦးခန်းပေါ်ရောက်နေရတာလဲ...
ဒါတွေဘယ်..ကောင်တွေကြောင့်လဲ...
ဒါတွေဘယ်..ကောင်တွေကြောင့်လဲ..
ဒါတွေဘယ်ကောင်တွေကြောင့်လဲ....
(POD တွေရဲ့..Youth of The Nation သီချင်းကို..နားထောင်တယ်...တွေးမိတာတွေရှိလာတယ်..
ပြောချင်စိတ်လဲဖြစ်လာတယ်..ဒါနဲ့..ကိုယ်တွေ့နေ၊မြင်နေရတာတွေချရေးလိုက်တယ်။
သေချာတာက... မြန်မာပြည်သားတွေ.. ရင်ဘတ်ခြင်းတူရင်..ကြိုက်ကြပါလိမ့်မယ်...
အထူးသဖြင့်..ပြည်ပရောက်"ရွှေ"တွေ..ပေါ့လေ..)
Read more...
ဧပြီ ၁၆၊ ၂၀၁၀ယမန်နေ့ညနေ ကန်တော်ကြီးစောင်း သင်္ကြန်မဏ္ဍပ်ရှေ့၌ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် သေဆုံးသူများအနက် မင်္ဂလာတောင်ညွှန့်မြို့နယ် စည်ပင် အုပ်ချုပ်ရေးမှူးတဦးပါဝင်ကြောင်း ယနေ့ထုတ် သတင်းစာပါ နာရေးကြော်ငြာအရ သိရှိရသည်။
အစိုးရပိုင် တီဗီနှင့် သတင်းစာကြေငြာချက်အရ ၈ဦးသေဆုံးသည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး အမျိုးသား ၅ဦး အမျိုးသမီး ၃ဦးဟုပါရှိသည်။ ထိုသေဆုံးသူ ၈ဦးအနက် မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဖြစ်သူ အငြိမ်းစား ဗိုလ်ကြီး သန့်စင်သိမ်း (၃၂နှစ်) ပါဝင်ခဲ့ခြင်း ဖြစ်သည်။ မဇ္ဈိမ သတင်းဌါန၏ ဖေါ်ပြချက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် အေးချမ်းသာယာရေး ကောင်စီ ဥက္ကဌဖြစ်သူ ဦးကျော်ငြိမ်းလည်း ဒဏ်ရာရရှိသူများ အနက်ပါဝင်ကြောင်းသိရသည်။ မျက်မြင်တဦးက ပြောကြားရာတွင် -
“ပထမဗုံးတလုံး ပေါက်တော့ အဲဒီစည်ပင်အုပ်ချုပ်ရေးမှူး ဗိုလ်ကြီးသန့်စင်သိမ်းက အရင်ဆုံး သွားကြည့်တယ်။ အဲသည်မှာတင် နောက်တလုံး ထပ်ပေါက်ကွဲတော့ သူ့ကိုပါ တခါတည်း ထိသွားတော့တာပဲ။” ဟု ဆိုသည်၊ ယနေ့ညနေ ရေဝေးတွင် မီးသဂြိုဟ်မည်ဟု ဖော်ပြထားသည်။ ထိုမဏ္ဍပ်နှင့် စည်ပင်ရုံးဝင်းမှာ ပေ ၁၀၀ ခန့်သာ ဝေးသည်။
ယမန်နေ့က မြန်မာ့ရုပ်သံ၊ MRTV 4 တို့မှ ဗုံးကွဲသည့် သတင်းကိုဖြစ်ပွားသည့် ညနေထုတ်လွှင့်ခဲ့ရာတွင် ဒဏ်ရာရရှိသူ ၉၄ဦးရှိသည်ဟု ကြေငြာခဲ့သော်လည်း ယနေ့ထုတ် အစိုးရသတင်းစာများတွင်မူ ဒဏ်ရာရရှိသူ တိုးမြင့်လာခဲ့ပြီး အမျိုးသား ၁၂၅ဦးနှင့် အမျိုးသမီး ၄၅ဦး စုစုပေါင်း ၁၇၀ ဦးဟုဖေါ်ပြထားသည်။ ဒဏ်ရာရရှိသူများအား ရန်ကုန်ဆေးရုံကြီး သို့ပို့ဆောင် ပြီးကုသမှုခံယူစေသည်ဟုလည်း သတင်းများတွင် ဖေါ်ပြထားသည်။
ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ယခင်နှင့် မတူပဲ ဖြစ်ပွားပြီး နာရီအနည်းငယ်အကြာတွင် နိုင်ငံပိုင် သတင်းမီဒီယာများဖြစ်သည့် တီဗီ၊ MRTV 4နှင့် အက်ဖ်အမ်ရေဒီယိုများမှ ကြေညာထုတ်လွှင့်ခဲ့သည်ကို တွေ့ရပြီး ထိုသို့ချက်ခြင်း ကြေညာခြင်းမှာ ထူးဆန်းသည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုလျက်ရှိကြသည်။
ဗုံးပေါက်ကွဲမှုအတွက် မည်သူမည်ဝါလက်ချက် ဖြစ်သည်ဆိုသည့် ကြေညာချက်များ ယခုထိ ထွက်ပေါ်သေးခြင်းမရှိပဲ မသမာသူများ၊ အဖျက်သမားများဆိုသည့် စွပ်စွဲသည့် စကားလုံးများဖြင့်သာ သတင်းထုတ်ပြန်ခဲ့သည်။ ရန်ကုန်မြို့မှ ပေါက်ကွဲမှု အများစု၏ လက်သည်များကို တိကျသည့် သက်သေများဖြင့် ဖမ်းဆီးရမိခြင်း မရှိသလောက် ဖြစ်ပြီး လူများစွာ သေဆုံးခဲ့သည့် ယခင် ၂၀၀၅ခုက စီတီးမတ်နှင့် ရန်ကုန်ကုန်သွယ်မှု ဗဟိုဗုံးကွဲမှုကိုလည်း ယနေ့ထက်တိုင် ဖေါ်ထုတ်နိုင်ခြင်းမရှိခဲ့ပေ။ အခြားသော ပေါက်ကွဲမှု အများအပြားမှာ လူနှင့် ဝေးရာ ၊ ညအချိန်များတွင် ပေါက်ကွဲလေ့ရှိပြီး နအဖ အစိုးရက လုံခြုံရေးတင်းကြပ်လို၍ တမင်တကာ လုပ်ဆောင်ချက်ဟု အများက ယူဆလျက်ရှိကြသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်တနေ့ဖြစ်သည့် ယနေ့ ရန်ကုန်သင်္ကြန်နောက်ဆုံးနေ့မှာ ပေါက်ကွဲမှု ဖြစ်ပွားရာ တ၀ိုက်မှလွဲပြီး အခြားသောနေရာများတွင် ရေပက်ခံကားများ၊ မဏ္ဍပ်များဖြင့် ဆက်လက်ရေကစား နေကြသည်ကိုတွေ့ရသည်။
နောက်ဆက်တွဲ..(၁)ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ် ရှေ့၌ သင်္ကြန် အကြတ်နေ့ ဧပြီ (၁၅)ရက်၊ မွန်းလွဲ ၃ နာရီ ခန့်တွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့မှုကြောင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ၊ အမှတ် (၄)စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်းချို သည် မျက်နှာ နှင့် ၀မ်းဗိုက် တို့တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရသော အခြေ အနေတွင် ရှိကြောင်း အမှတ် (၁) တပ်မတော် ဆေးရုံကြီး ၊ ကုတင် (၁၀၀၀) မှ အမည် မဖော်လိုသူ အရာရှိကြီး တစ်ဦး ထံမှ စုံစမ်း သိရှိ ရပါသည်။ အမှတ် (၁) တမ်မတော် ဆေးရုံကြီး ၊ ကုတင် (၁၀၀၀) မှ တာဝန်ကျ အရာရှိ တစ်ဦးကတော့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမှတ် (၄) စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်ချို ဆေးရုံကို ရောက်ရှိလာပုံကို အခုလို ပြောပြ ပါတယ် ။ မွန်းလွဲ ၃ နာရီ ၃၀ လောက်မှာ ဗိုလ်မှူးကြီး အုန်းချို ကျွန်တော်တို့ တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) ကို ဒဏ်ရာ တွေနဲ့ ရောက်လာ ပါတယ် ၊ ဗိုလ်မှူးကြီး အုန်းချိုကို ခွဲစိတ်ပါရဂူကြီး ဗိုလ်မှူးကြီး အုန်းမောင်မောင်နဲ့ အကူ အရာရှိတွေ အချိန် (၃)နာရီကြာ ခက်ခက် ခဲခဲ ဗုံးစတွေကို ခွဲထုတ် ရပါတယ် ။ မျက်နှာမှာ ကတော့ ဒဏ်ရာ သိပ်မပြင်းပါဘူး ၊ ဒဏ်ရာပြင်းတာက ၀မ်းဗိုက်မှာပါ ၊ အသဲ နဲ့ အူမကြီးကို ဗုံးစတွေ တော်တော် ထိသွားပါတယ် ၊ အခု ဗိုလ်မှူးကြီး အုန်းချိုကို ကျွန်တော်တို့ အမှတ် (၁) တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) အထူး ကြပ်မတ်ဆောင်မှာ ထားပါတယ်။ ကျွန်တော် သိရ သလောက်တော့ အခြေအနေက မကောင်း ဘူးလို့ သိရ ပါတယ်။
တိုင်းမှူး တို့ ကျမ်းမာရေး ၀န်ကြီးတို့တော့ ဗိုလ်မှူးကြီး အုန်းချိုကို လာကြည့်ကြတယ်။ ဗိုလ်မှူးကြီး အုန်းချို မိသားစုတွေ ကတော့ ဒီမှာ အခြေအနေ မကောင်းတဲ့ အတွက် အရင်က နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း သွားကုတဲ့ စင်ကာပူက ဆေးရုံကို သွားကုဖို့ ကြိုးစားနေကြတယ် ဟု ဗိုလ်မှူးကြီး အုန်းချို မိသားစု နှင့် နီးစပ်သော အသိုင်း အ၀ိုင်း ထံမှ သိရှိ ရပါသည်။
နောက်ဆုံး ရရှိသော သတင်း အရ ဗိုလ်မှူးကြီး အုန်းချိုကတော်မှ တိုင်းမှူးကတော်ကြီး မှ တဆင့် တိုင်းမှူး အား အသနားခံပြီး ဗိုလ်မှူးကြီး အုန်းချိုအား စင်ကာပူ ဆေးရုံတွင် သွားရောက်ဆေးကုသခွင့် ရရှိရန် ကြိုးစားနေကြောင်း သိရပါသည်။
နောက်ဆက်တွဲ..(၂)
(က)ဗုံးပေါက်ကွဲမှု၏ အဓိက သံသယ တရားခံမှာ နအဖစစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ မြေးဖိုးလပြည့်(ခ)နေရွှေသွေးအောင် ဖြစ်သည်ဟု ယူဆနေကြပြီး ၊ ၄င်းတို့စစ်အစိုးရအတွင်းရှိ သူမကျေနပ်သော ဗိုလ်ချုပ်သားများကို လုပ်ကြံခြင်းဖြစ်ကြောင်း ခိုင်လုံတိကျသေချာသော သတင်းရပ်ကွက်မှ သတင်းရရှိပါသည်။နအဖ စစ်အစိုးရမှ ယင်းဗုံးပေါက်ကွဲမှု သတင်းကို ပြည်တွင်း မီဒီယာဂျာနယ်များ တွင် အကျယ်တ၀င့် ဖော်ပြရန် ညွှန်ကြားနေကြောင်း၊ ဂျာနယ်မျက်နှာဖုံးများ၌ပင် ကြီးမားစွာ ဖော်ပြခိုင်းနေကြောင်း၊ ဤပေါက်ကွဲမှုသည် မိမိတို့နှင့်မသက်ဆိုင်၊ မိမိတို့တွင်တာဝန်မရှိ ၊ မိမိတို့၏ လုပ်ကြံခြင်း မဟုတ်ကြောင်း သိသာစေရန် နအဖစစ်အစိုးရ၏ ကာကွယ်မှု တစ်ရပ်ပင်ဖြစ်ကြောင်း ပြည်သူများအကြား ပြောဆို ဝေဖန်လျှက်ရှိပါသည်။
(ခ)နောက်ဆက်တွဲသတင်းများမှာ နအဖစစ်အစိုးရ၏ ခေါင်းဆောင်သန်းရွှေ၏ မြေး ဗိုလ်ချုပ်မှုးလေး ဖိုးလပြည့်အား စစ်ဖက်မှ ဗိုလ်ချုပ်တစ်ဦး၏ သားဖြစ်သူမှ လုပ်ကြံခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိပါသည်။ ယင်းပေါက်ကွဲမှု မဖြစ်ပွားခင် ၂ရက်အလိုတွင် စရဖ ထောက်လှမ်းရေးအဖွဲ့မှ သတင်းကြိုတင်ရကြောင်း၊ ယင်းဖေါက်ခွဲရေးဗုံးကို X20 မဏ္ဍာပ်ပေါ်မှနေ၍ LINCONL ကုမ္ပဏီမှဆေးလိပ်များ၊ အရက်ပုလင်းများ ကြဲချရာတွင် ရော၍ပစ်ချကြောင်း၊ ဖေါက်ခွဲမှုပြုလုပ်သူများမှာ နအဖစစ်အစိုးရ စွပ်စွဲပြောဆိုနေသော တိုင်းရင်းသားအဖွဲ့အစည်း၊ ကျောင်းသားအဖွဲ့အစည်းများ မဟုတ်ဘဲ နအဖစစ်အစိုးရ စစ်တပ်မှ လူများအချင်းချင်း လုပ်ကြံမှုဖြစ်ပါကြောင်း ခိုင်လုံသေချာတိကျသော သတင်းရပ်ကွက်များမှ သိရပါသည်။
Read more...
လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။
လိပ်ပြာတွေကို နှင်ထုတ်နေသည်။
သွေးညှီနံ့တွေနဲ့  ချဉ်စုတ် နေပြီ။
လူတွေအားလုံး ရင်ရှုပ် နေသည်။
တက္ကသိုလ်များ လယ်ကွင်းထဲသို့ ပြောင်းသွားလေပြီ။
ဘွဲ့ ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။
သူတောင်းစားတို့ ကျ ကောင်းစားနေသည်။
အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။
တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။
ယတြာတွေချေပြီး မန်းမှုတ်နေပြီ။
သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။
အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။
လူမဆန်စွာ ကြမ်းကြုတ်နေပြီ။
ဖြုတ်ဦးနှောက်တွေနဲ့ ..အရမ်း..လုပ်နေပြီ။
သူတို့ ခေါင်းထဲ..သွားမကြည့်နဲ့ ..ဘာမှမရှိဘူး..အဟောင်းသား။
လူတွေလည်း..တွေးလာကြတယ်..တစ်ရွ
ာပြောင်းရင်..ကောင်းမလား။
ဒီလိုနဲ့ ပဲ..မိသားစုတွေ..မဆုံဆည်းနိုင်လောက်အောင်..ချောင်းခြား။
ဘဝနဲ့ ရင်းပြီး..ကြိုးစားတာတောင်.. မရေရာတဲ့ ...လောင်းကစား။
ဒါတွေဟာ.. အမေတစ်ကွဲသားတစ်ကွဲ.. ဖြစ်နေရတဲ့.. အကြောင်းများ။
ရင်ထဲကို.. သောကငှက်တွေ.. ကျူးကျော်လာတာတောင်.. မမောင်းအား။
သူငယ်ချင်းတစ်ချို့  အလုပ်ရှာဖို့ ..စင်ကာပူကို ထွက်နေကြတယ်။
အလုပ်မရရင် သိန်းနှစ်ဆယ်လောက်.. ရှုံးပြီဆိုတော့ မျက်ရည်ကျမယ်။
ကြိုးစားကြည့်လိုက်မှ ပိုဆိုးသွားတတ်တာ.. ဒီခေတ်ဆိုးရဲ့ သက်သေတစ်စပဲ။
ကမ္ဘာက သာမန်လူတွေနဲ့ ငါတို့ ကာရန်တူရုံလေးတောင်.. ဘာလို့ ဒီလောက်အထိ ခက်နေရသလဲ။
မြေညီထပ်လေး ရောက်ဖို့ တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်..
လှေကားလိုနင်းပြီး.. တက်နေရဆဲ။
ဆန္ဒခံယူပွဲ အတုကြီးနဲ့ လည်း ကမ္ဘာကိုတောင် နားလှည့်ပါးရိုက်။
မသူတော် အချင်းချင်းကျတော့ အိမ်နီးချင်းကောင်း ဆိုတဲ့ စကားနဲ့ ဖားလိုက်။
သူငယ်ချင်းတို့ ......သူတို့ မျှားလာတဲ့ ငါးစာတွေကို မစားနဲ့ ...ထားလိုက်။
အသိဥာဏ် မရှိတဲ့ ခွေးသူခိုးတွေဟာ
ခြောက်ဆယ့်နှစ်တုန်းကထက်လည်း သွေးဆိုး နိုင်တယ်။
နောင်တစ်ချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဒိုင်းနမိုက်နဲ့မဖောက်ဘူးလို့
ဘယ်သူပြောရဲသလဲ။
ကမ္ဘာ့မြေပုံကြီးထဲက သွေးကွက်လေး တစ်ကွက်ရဲ့ ကံကြမ္မာကို ဘယ်သူဟောရဲသလဲ။
သူငယ်ချင်း...
မင်း..အေးအေးဆေးဆေးနေလို့ လည်း ဒီဂယက်က လွတ်မယ်မထင်နဲ့ ။
မိစ္ဆာတွေ မဆင်းမချင်း ဒီဝဋ်က ကျွတ်မယ် မထင်နဲ့ ။
ဝန်နဲ့ အားမမျှတဲ့ မင်းစီးလာတဲ့ဒိုင်နာဟာ အချိန်မရွေး လမ်းချော်မှောက်သွားနိုင်တယ်။
ကပ်တစ်ခုစိုက်လိုက်တာနဲ့ မင်းဘဝက အချိန်မရွေး လမ်းပေါ်ရောက်သွားနိုင်တယ်။
တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ
အစိုးရနာမည်ခံထားတဲ့ မစင်တစ်ထုပ်ပါ
ပြည်သူတွေကလည်း သူတို့ ထင်သလို အချဉ်မဟုတ်ပါ။
ဒီလိုနဲ့ မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ်
သူတို့ တွေရဲ့  ပလ္လင်ခဏခဏလှုပ်လည်း
အခုထိမပြုတ်သေးတော့
တစ်ယောက်တည်းတွေးရင်း ရင်ရှုပ်
ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။
ဒုက္ခတွေနဲ့  ရှုပ်ပွနေတဲ့ စိတ်ဓာတ်ခြွေ ပြောင်းပြန်ကမ္ဘာထဲ
လဲကျတိုင်းသာ ပုလဲခနေရင် မျက်ရည်တွေသာ ချောင်းလျှံလာမယ်။
အကျိတ်အခဲတွေ စိတ်ထဲမှာ သိပ်သည်းကာ ဗြောင်းဆန်လာတယ်။
စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။
Read more...
ဒီအဖြစ်အပျက်က..တကယ်ကိုဖြစ်ခဲ့တာပါ။
သမ္မတကြီး..ဘုရှ်၊အာဖဂန်မှာ..သတင်းစာရှင်း
လင်းပွဲပြုလုပ်နေစဉ်..အာဖဂန်သားသတင်း
ထောက်တယောက်က... မကျေနပ်စွာ..ထကာ
ဖိနပ်ဖြင့်..ပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။
ဒီကိစ္စဟာ..ရယ်စရာလိုဖြစ်နေပေမယ့်...
ကျွန်တော့်အနေနဲ့.. (တာလီဘန်ကိုဖြုဆ်ချတာ
ကတစ်ကဏ္ဍ) ဘုရှ်ရဲ့ သိပ်မမှန်ကန်သောစစ်ပွဲ
ကို..ဆန့်ကျင်ခဲ့တဲ့ဒီ..သတင်းသမားရဲ့..လုပ်ပုံကိုကျွန်တော်...သဘောကျမိတယ်။ဒီဖိနပ်ပေါက်မှုကိုအကြောင်း
ပြုပြီးတကယ်ကိုပွပေါက်တိုးသွားကြသူတွေကတော့၊ဂိမ်းcompanyတွေပဲဖြစ်ပါတယ်။ဒီအဖြစ်ကိုအကြောင်း
ပြုပြီး...ကမ္ဘာတ၀န်းကလေးတွေ..ဘုရှ်ကိုဂိမ်းထဲကနေ..ပျော်ပျော်ပါးပါး..ဖိနပ်နဲ့ဝိုင်းပေါက်ကြတာ..မပေါက်ဖူးသူ
ဟာခေတ်နောက်ကျသူဖြစ်သွားရတဲ့တဲ့အထိပါ။ဒီသတင်းသမား.ကတော့..မကြာမီကပဲ..၀ဋ်လည်ပြီး...
သတင်းစာရှင်းလင်းပွဲတခုမှာ..ဖိနပ်နဲ့..ပြန်အပေါက်ခံရတယ်လို့..ကြားသိရပါတယ်..။
Read more...
Ei Zomi pen mi nung deuh ah ki om den thei in...Hih "SangKhangNo" makai pa, Eimi mah A hi Salai Tin Mung Oo pen mi nung ah hi lo, khua mu, bek tham lo in "U Tant" Conflict &"Takhin Ko Daw Hmaing" Conflict ah Makai ngiat in a na ki hel, lam ei mi khang no te'n tam thei lo ding a hih man un a ma tang thu leh a thu piang dan hong "sugnkhia" ning..
( SangKhangno= Univesitylevel,) (SangNaupang=Basic level Grade1-10)
မေ့ပျောက်လို့မရသော၊မသင့်သော၊သမိုင်း၏...ကြယ်....ပွင့်..ရုပ်ပုံလွှာ..။
................ ...............................................................................................................
Ni tak khat an nek ma deuh in"ThangHo leh Liando", U nau nih Innka ah tu in ....Tu hun thu piang A gen kawm un ..Liando in a U khiang .."Sang Khanno makai..Eimi sungah a om ngei hia" ci'n ..a U khiang a dot leh...a U in Salai Tin Maung Oo i Thu na gen hi....
တနေ့ညနေမှာ ထန်ဟိုးနဲ့လျန်ဒို၊ ညီအကိုနှစ်ယောက်..အိမ်ရှေ့လေသာဆောင်မှာထိုင်ရင်းမျက်မှောက်
အခြေနေ၊အခင်းအကျင်း..ဆွေးနွေးနေရင်း..ညီဖြစ်သူလျန်ဒိုက..."အကို..ကျွန်တော်တို့ထဲကနေကျောင်း
သားခေါင်းဆောင်ရှိဖူးလားလို့မေးတော့...အကိုဖြစ်သူကနေ..ချင်းကျောင်းသားခေါင်းဆောင်ဆလိုင်းတင်
မောင်ဦးအကြောင်းပြောပြခဲ့ပါတယ်..
ထန်ဟိုး- နေ၀င်းလက်ထက်၊၁၉၇၄မှာ.. ကုလသမဂ္ဂရာထူးနှစ်ကြိမ်တိုင်တိုင်ထမ်းဆောင်ခဲ့တဲ့ ဦသန့်
ဆုံးပါတယ်။ နေ၀င်းဟာ... သူ့ထက်ထင်ပေါ်သူ၊လူချစ်လူခင်များသူတွေကိုမနာလိုတတ်တဲ့
သူ့သောက်ကျင့်အတိုင်း၊ နိုင်ငံ့သားကောင်းရတနာတဦးလဲဖြစ်၊ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာလဲဖြစ်တဲ့
ဦးသန့်ရဲ့ဈာပနကို... နိုင်ငံတော်ဈာပနအဖြစ်ကျင်းပဖို့နေနေသာသာတော်၏၊လျော်၏သာလုပ်ဆောင်
ဖို့ပြင်တဲ့အဖြစ်ကိုအကြောင်းပြုပြီး YIT(စက်မှုတက္ကသိုလ်)ကျောင်းသားတွေဦးစီးပြီး...နေ၀င်းဗုံးခွဲဖျက်
ဆီးခဲ့တဲ့..သမိုင်းဝင်"ကျောင်းသားသမဂ္ဂအဆောက်အအုံ"နေရာမှာ..ဂူသွင်းဖို့ပြင်ဆင်ကြပါတယ်
LD: U..Mipi ee ki hel ngam lo uh maw?
လျန်ဒို- တောက်... လူထုစိတ်သိပ်နာကြမှာပဲနော်?
TH: Ki hel mah, Mipi ten Sangkhang no te makaih na zui in A tang sap bang bang pia uh.U Tant ii U,U Khant bang Lumdam,KhasiaTak in Mi pi mai ah a pau leh mi kap ngei ngai uh hi. A nunung ah Ki vui thei..hi..a hih hang ..Naywin sin siat na ki lang in..Zan a tun ciang U Thant Han to kik in...Kandawmin Ah mah puak tei tei hi.
ထန်ဟိုး-နာတာပေါ့ကွာ၊ဘယ်ပြောကောင်းမလဲ။လူထုကြီးကကျောင်းသားတွေရဲ့လုပ်ရပ်ကိုထောက်ခံရုံတင်
မက၊လိုအပ်တဲ့အရာမှန်သမျှကို..ထောက်ပံ့ခဲ့ကြတယ်။ ဘယ်လောက်ထိလဲဆိုရင်.. ဦးသန့်ရဲ့အကို
ဦးခန့်၊တုန်တုန်ရီရီနဲ့ဝမ်းသာစကားမိန့်သွားရှာတာ..လူထုဆို..မျက်ရည်ပေါက်ပေါက်ကျကျရတယ်။ သင်္ဂြုလ်
တဲ့ညမှာ... နေ၀င်းစစ်တပ်က..ဦးသန့်ဂူကိုအတင်အဓမ္မပြန်ဖြိုပြီး ..သူတို့နေရာချပေးထားတဲ့ ကန်တော်မင်
ပန်းခြံကိုသယ်ဆောင်သွားခဲ့ကြတယ်... နေ၀င်မယား၊ခင်မေသန်းအုတ်ဂူခြေရင်းမှာမြှုပ်ရအောင်လို့ပေါ့...
LD: Mi pi te heh ngel lo dia..! Mi pi tung bawl sai pah cih sim!!!
လျန်ဒို-ရိုင်းလိုက်လေဗျာ..လူထုကိုဘာဒုက္ခပေးသွားသေးလဲ...!!!
TH: Heh lua mah uh ..Sang Khangno le Mipi pawlkhat bang a si tawh aliam tawh hi'n.. a hih hang Sikvan tawi te ngei na mah, Naywin sia mah thu mah tung ve ve hi..
ထန်ဟိုး-အိုး...လက်နက်ကိုင်စစ်တပ်နဲ့..လက်နက်မဲ့ပြည်သူတွေကိုး..ဘယ်..!!ဒဏ်ရာရ၊သေကျေကြတာပေါ့။
လျန်ဒို- ဒါပေမယ်...သူ့အမိန့်အတိုင်းမမြှုပ်ဖြစ်ဘူးမို့လား?
TH: He.,Phum ngam lo ee, a phum aa leh lah mi pi'n vial sawm ta mawk uh hi ven..Tua leh Salai Tin Maung Oo vai gen kik le hang ..A mahpen tua lai sang Khang no Makai khat lah hi khin , Lah..Thang pai aih ciang aa...Gamsung aa om te khiang zuan hi. A pai lai in..PDP(Paliament Democretic Party) te Gneral Secretary U Twin in.. " Hi pa kua, koi pan, bang mi, bang sem cih do lo ding" cih Special order pia in PDP ah a mah bek..a ding Training pia uh hi.
ထန်ဟိုး-အေးပေါ့..ဘယ်မြှုပ်ရဲမလဲ၊ဇွတ်ကြီးကို..မြှုပ်လို့ကတော့..လူထုကအမှုန့်ကြိတ်တော့မှာကိုး...
ဒီလိုနဲ့......ဆလိုင်းတင်မောင်ဦးအကြောင်းဆက်ရရင်...သူဟာအဲဒီတုန်းကတဲက
ကျောင်းသားခေါင်းဆောင်ဖြစ်နေတဲ့အပြင်..မဖြစ်ခြေဘူးဆိုပြီး..နာကြည်းမှုအပြည့်နဲ့..တောခိုသွားခဲ့တယ်။
သူတောခိုတော့..အဲဒီတုန်းက PDP(ပါလီမန်ဒီမိုကရက်တစ်ပါတီ)ရဲ့အထွေထွေအတွင်ရေးမှူး..ဦးသွင်ကနေ
" ဒီလူ..ဘယ်သူ၊ဘယ်က၊ဘာလုပ်..စတာတွေ..ဘာမှမမေးရ" ဆိုပြီး အထူးတာဝန်နဲ့ရောက်ရှိသွားခဲ့တယ်။
သူ့အတွက်သီးသန့်..သင်တန်းတခုဖွင့်ပေးခဲ့ကြတယ်။
LD: Special One cih na ei ve maw..!!! Bangteng sin a hia ..?
လျန်ဒို-ဟား....အင်တာမီလန်နည်းပြ..မော်ရင်ဟိုပြောပြောနေတဲ့..စပါယ်ရှယ်ဝမ်းဆိုတာလိုနေမှာပေါ့နော်..?
TH: Tua mun ah, Galdo ciang ii gal kap te uk dan(Gal uk dan),le Sik van nam tuam tuam tawi dan sin hi.
ထန်ဟိုး-အေးပေါ့..အေးပေါ့....တိုတိုပြောရရင်...သူ...အဲဒီမှာစစ်အုပ်ချုပ်ရေးအတတ်နဲ့..လက်နက်မျိုးစုံ..
ကိုင်တွယ်ပစ်ခတ်နည်း စတာတွေကို..သင်ယူလေ့ကျင့်ခဲ့တယ်။
LD: Kalai ..Nasia tak ei!! Mi Thu pi Hi lo Maw.!!!! Ci dih dih a mel koi dan a hia?
လျန်ဒို-ဟား..ဟုတ်လား!! လူတော်တယောက်ပါလားဗျ..ဒါနဲ့..စကားမစပ်..သူ့ရုပ်ရည်ဥပဓိရုပ်ကဘယ်လိုလဲဗျ?
TH: He..A mel pen., hoih lo in piang hi.A tha buang in Kam tawm .Apau a le lah thu pi,Thutak bek gen hi.A lung sim khugh in ..Ci tak hi.A sam, tom koih den hi.Tua leh a sin khit, 1975 kum,kum lai kim ciang ciah to kik in..Gamvai ah ki pum piak hi.
Student Union Zong Phuan khian kik hi. 1976,March 23 pen "TaKhin Ko Daw Hmaing"
Kum za cin kum hi. Tua Ni ah Sang Khang No te Leh "Gal UiTal" Te ki nuai na pan in
" Hmaing Ya Pyih" Cih ThuThang pi Hong piang khia hi.A hih hang Salai Tin Maung Oo pen Tua kha 20 ni aa ki man in Insein Thong pi Sung ah ui tal te'n khum uh hi. A Kha Sawt lo in "A sih ma teng Khau kual awh hen" Ci'n Uital ten Thu lang khen uh hi.
ထန်ဟိုး-အင်း..သူက..လူခန့်၊အရပ်မြင့်တယ်၊ထွားတယ်။အသားခပ်ညိုညို..ဆံပင်တိုတို၊ရှေးချင်းလူကြီးတွေ
ရုပ်အပြည့်ရှိတယ်။စကားနဲတယ်၊ပြောရင်လဲလိုရင်းကိုထိထိမိမိပြောတတ်တယ်။အေး..ဆက်ပြောရရင်
ဒီလိုနဲ့..သူသင်ယူမှုတွေအပြီး၊ ၁၉၇၅နှစ်၊နှစ်လယ်လောက်မှာ..အတွင်းကိုပြန်ဝင်လာပြီး..နီုင်ငံရေးကိုဆက်လုပ်
ကိုင်တယ်၊ကျောင်းသားသမဂ္ဂကိုလဲပြန်အသက်ဝင်လာအောင်လုပ်ဆောင်ခဲ့တယ်။ဒီလိုနဲ့..၁၉၇၆၊မတ်လ-၂၃
ရက်နေ့ဟာ..ဆရာကြီးသခင်ကိုယ်တော်မှိုင်းအသက်တရာပြည့်တဲ့နေဖြစ်တယ်။မြန်မာပြည်သမိုင်းမှာ....
"မှိုင်းရာပြည့်" ရယ်လို့..သမိုင်းတွင်ခဲ့တဲ့နေ့ပေါ့..။ အဲဒီအရေးအခင်းကြီးကိုအကြောင်းပြုပြီး...၂၀ရက်နေ့မှာ
ကိုတင်မောင်ဦးကို..ဖမ်းထားခဲ့ကြတယ်။...နောင်ဆုံး..ညှင်းပန်းနှိပ်စက်ပြီး..တဖက်သတ်တရားခုံရုံးတင်ကာ
"ကြိုးပေးသတ်"ခဲ့ကြတယ်..။
LD: Kha siat huai tak tak ei ..."Taugh!!!!!!"..
လျန်ဒို-ရက်စက်လိုက်ကြတာဗျာ..တောက်!!!!!!!ကမ္ဘာကြေတောင်ဥဒါန်းမကြေဘူးဗျ..။
TH: A Thoung kiat lai a om na pen "Building No.1" hi'n ..Zuak tung ah..A Nau nu
"Mai Po Po Din" a ding " Nau Mah Hlah Myaing, Nau..Nang tang in,kei na U,ang tang mah mah ing:" cin pencil no khat tawh lai nu siat hi...
ထန်ဟိုး-အေး..သူရဲကောင်း၊အာဇာနည်တယောက်ပေါ့။..သူအင်းစိန်ထောင်မှာနေခဲ့တုန်းက..သူ့အဆောင်
"အဆောင်တစ်"၊အဲဒီအဆောင်တစ်..နံရံမှာသူညီမလေး..၊"မိုင်ပိုပိုအောင်"ကိုရည်ရွယ်ပြီး...
"ညီမ..မလှမြိုင်...မင်းရဲ့လုပ်ဆောင်မှုတွေအတွက်၊ကျုပ်ဂုဏ်ယူတယ်" ဆိုပြီး..သူရေးသားချန်ရစ်ခဲ့တယ်။
LD: Aw...!!.A nau nu pen ...???
လျန်ဒို-အော..!! မမိုင်ပိုပိုအောင်က...??
TH: A nau nu pen Mai Po Po Din, (or) Mah Hlah Myaing ki ci in, A U khe ma sik in Gam vai a sem hi.A sep hun le a U nusiat lai in Tan 9 pha pan hi.
ထန်ဟိုး-အေး..အဲဒီအချိန်မှာ..သူညီမလေး၊မိုင်ပိုပိုအောင်(မလှမြိုင်)က၊ သူ့အကိုခြေရာနင်းပြီး....
မတရားအစိုးရကို..တော်လှန်နေတဲ့..ကိုးတန်းအရွယ်၊ရဲမေလေး..ကွ..။
LD: Aw !!! Nak thu pi si ee...Mai lam ah Tua dan U Nau Eimi sung ah om non kei in teh maw!!
လျန်ဒို-တော်လိုက်တာ..နော်..!! ဒီလိုမောင်နှမနဲ့..အမျိုးသမီးတွေများများမရှိနိုင်ဘူးထင်တယ်နော်..။
TH: Ehh..Tua dan hi lo ee.. Tun ei mi sugnah zong om mah ee ..mi'n a theih pih loh man leh Om ding in a ngaih sut loh uh man hi vak, Salai Tin Maung Oo a ban kei zong ..A nung a zui zo om kom kom ta ei ....
ထန်ဟို-အဲ..အဲလိုလဲမဟုတ်ပြန်ဘူး..မရှိနိုင်တော့ဘူးထင်လို့..ဒါမှမဟုတ်..လူသိပ်မသိကြလို့ပါ။
ကိုတင်မောင်ဦးကိုမမှီရင်တောင်၊ခြေရာနင်းနိုင်တဲ့ နိုင်ငံရေးရဲဘော်တွေ..ကျောင်းသား
ခေါင်းဆောင်တွေ...နိုင်ငံရေးအကျဉ်းသားတွေအများကြီးရှိနေတယ်....ငါ့ညီ...။
LD: Hi maw!! Lung nop huai tak ei leh...,Ehh!! ..U.. Peu!! An min ta vak,
an ne ta ni..!!
လျန်ဒို-ဟုတ်လား!! ၀မ်းသာစရာပေါ့ဗျာ...ဒီလိုမျိုးဆက်သစ်တွေရှိနေရင်...ကဲအကို၊အကိုလဲပြောပြရတာ
မောလောက်ရောပေါ့..ရေမိုးချိုးလိုက၊...်ထမင်းကျက်လောက်ပြီ စားကြစို့..ရဲ့..။
-----------------------------------------------------------------------------------------
"SEPTEMBER REVOLUTION!!...DON'T FORGET IT."
(စက်တင်ဘာတော်လှန်ရေးနှင့်ကျောင်းသားသူရဲကောင်းတို့အားဦးညွတ်မှု...အမှတ်တရ)
Read more...
A bei sa kum 2001 kum,helicopter kia in a si Gen; Tin Oo sih na tawh ki
သိလိုသူတွေအတွက်နဲ့မသိသေးသူတွေအတွက်ပါ၊နအဖအတွင်း...ဟာ
ကျွန်တော်တို့တွေထင်နေသလို..ကျစ်လစ်နေတာမဟုတ်ဘူးဆိုတဲ့အကြောင်းပြောပြချင်လို့ပါ။
ဗိုလ်ချုပ်တင်ဦး(ကြည်း/၈၁၈၂)ဟာ..အသက်၆၇နှစ်မှာဆုံးပါတယ်။ သူ့အမျိုးသမီးကတော့Drဒေါ်ခင်
ဝင်းရွှေပါ။သက်ရှိစဉ်တုန်းကသူဟာ..မြန်မာပြည်ရဲ့၎ဦးမြောက်သြဇာအရှိဆုံးသူဖြစ်ခဲ့ပါတယ်။ဗိုလ်ချုပ်
ခင်ညွန့်ရဲ့ဆရာဗိုလ်ချုပ်ကြီးတင့်ရွှေနဲ့ ဗိုလ်ချုပ်တင်ဦးရဲ့ဆရာဗိုလ်ချုပ်ကြီး အေးကိုတို့ဟာအပြိုင်အဆိုင်
တွေဖြစ်ကြတဲ့အပြင်..ခင်ညွန့်ကOTSဗိုလ်သင်တန်းအပတ်စဉ်25ဆင်းပြီး၊ တင်ဦးက OTS22 ဆင်းဖြစ်
တယ်။ဒါ့ပေမယ်ခင်ညွန့်ဟာသူ့အထက်အရာရှိဖြစ်နေတာမို့လို့သူတို့နှစ်ဦးကြားမှာပြိုင်ဆိုင်မှုပိုမိုကြီး
ထွားလာခဲ့တယ်။
Tin Oo, na a sep ciang hi bul bul a hih man Khin Nyunt in Political,Economic leh a dang thu teng bang mah thei lo,ci' Neu et hi. Tin Oo in lah Khin Nyunt Pen 'Dap De', 'Angsung thei' deuh ci'n mu a hih man, ki el den uh hi.
ဦးတင်ဦးဟာ..ဘောက်ဆတ်ဆတ်နိင်လို့ ဦးခင်ညွန့်က..နိုင်ငံရေး၊စီပွားရေး..ဘာမှမသိသူဟုအထင်
သေးသလို၊ ဦးခင်ညွန့်ဟာ..ကောက်ကျစ်သူ၊ဟန်ဆောင်ကောင်းသူအဖြစ်..ဦးတင်ဦးကမုန်းတီးခဲ့တယ်။
ဦးတင်ဦးဟာသူမသေမီ..ကတည်းကလုပ်ကြံမှုအကြိမ်ကြိမ်ခံခဲ့ရပါတယ်။
ပထမတကြိမ်ကတော့၁၉၉၆၊ဒီဇင်ဘာလ၂၅ရက်နေ့မှာ..တရုတ်ပြည်မှပင့်ဆောင်လာတဲ့ဗုဒ္ဒမြတ်စွယ်
တော်ဖူးဖို့..ကမ္ဘာအေးဘုရားမှာရောက်ရှိနေစဉ်မှာ..ပေါက်ကွဲခြင်းဖြစ်တယ်။(ထိုစွယ်တော်မှာလဲ...
သံဃာတော်၊ကျောင်းသားများအား၁၉၉၆အရေးအခင်းတွင်သတ်ဖြတ်ခဲ့ရသဖြင့်ကယောင်ခြောက်ခြား
ဖြစ်နေကြသောတပ်သားများအားနှစ်သိမ့်ရန်ပင့်ဆောင်ခဲ့ကြခြင်းဖြစ်သည်)။ထိုပေါက်ကွဲမှုကြောင့်
လုံထိန်း၎ဦးသေဆူံးခဲ့သည်။နအဖအနေဖြင့်ကရင်တော်လှန်ရေးသမားများအားစွပ်စွဲခဲ့သော်လဲ...
ဘယ်နေ့၊ဘယ်အချိန်တွင်မည်သူလာမည်..စသည်တို့မှာတပ်တွင်းလျို့ဝှက်ဖြစ်သည့်အပြင်၊လုံခြုံရေး
ဤမျှတင်းကျပ်သောအတွင်းအပြင်လူမှလာရောက်ဗုံးထောင်သည်ဆိုသည်မှာအခြေအမြစ်မရှိသော
ကြောင့်၊ထိုစွပ်စွဲချက်မှာယုတ္တိမရှိကြောင်းသတိပြုရန်လိုပါသည်။
ဒုတိယအကြိမ်မှာ၁၉၉၇၊အေပြီလ၆ရက်နေ့တွင်ဂျပန်နိုင်ငံတံဆိပ်ခေါင်းဖြင့်ပါဆယ်တခု၊သူ၏နေအိမ်
သို့ရောက်ရှိလာသည်။ထိုစဉ်မှာ..ဦးတင်ဦးခရီးထွက်နေစဉ်ဖြစ်သောကြောင့်မည်သူမျှမဖွင့်ပဲထား၊
ထားသည်တွင်ပေါက်ကွဲမှုမရှိသောကြောင့်၊အိမ်သို့ဖုန်းဆက်၍မေးမြန်းရာတွင်၊သမီးဖြစ်သူရန်ကုန်
တက္ကသိုလ်သမိုင်းဌာနမှလက်ထောက်ကထိကဒေါ်ချိုလဲ့ဦးမှဖွင့်ကြည့်ရာ၊ချက်ချင်းပေါက်ကွဲကာ..
ဒေါ်ချိုလဲ့ဦးမှာထိုနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့သည်။(ထိုအဖြစ်သတိထားမိသူများရှိပါလိမ့်မည်။)
ထိုမှနှစ်လအကြာတွင်သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ၊ဦးခင်ညွန့်မှဤပါဆယ်ဗုံးသည်ဂျပန်မှဦးသိန်းငွေ
နှင့်ဦးသောမတ်စ်ဂုဏ်ရောင်တို့၏လက်ချက်ဖြစ်သည်ဟုစွပ်စွဲရာ၊ဂျပန်ပြည်မှတာဝန်ခံများက၊ကျွန်ုပ်တို့
နိုင်ငံမှ..၀င်ထွက်သမျှသောပစ္စည်းတို့မှာခေတ်မှီနည်းဖြင့်သေချာစွာစီစစ်ပြီးဖြစ်သည်ဟုတုန့်ပြန်ခဲ့သည်။
(ဤသည်ကိုထောက်ရှခြင်းဖြင့်ဂျပန်မှလာသောဗူံးဆိုသည်မှာမည်သို့မျှမဖြစ်နိုင်ပေ)
တတိယအကြိမ်မှာသူသေဆုံးသောနေ့၂၀၀၁၊ဖေဖော်ဝါရီလ၁၉ရက်နေ့ဖြစ်သည်။
ရဟတ်ယဉ်ပျက်ကျကာ(လွန်စွာသံသာရှိဖွယ်ကောင်းသော)ကွယ်လွန်သည်။သူနှင်အတူစစ်ဘက်
ထိပ်တန်းခေါင်းဆောင်၁၇ဥိးသေဆုံးသည်။သို့သော်ထုတ်ပြန်ချက်တွင်၁၄ဦးဟုသာဖော်ပြခဲ့ကြသည်။
သေဆုံးသူတို့အထဲမှဗိုလ်ချုပ်သူရ၊သီဟသူရစစ်မောင်(ကြည်း/၁၁၇၁၄)သည်ဗိုလ်သန်းရွှေ၏နေရာ
ဆက်ခံမည့်သူအဖြစ်နာမည်ရနေသူဖြစ်သည်။ထို့ကြောင့်ထိုဗိုလ်ချုပ်သည်မာန်မာနကြီးသည်။အတ္တကြီးသည်
ဟုနာမည်ကောင်းရသည်။၁၉၉၆၊ဂျုလိုင်၂၄ရက်နေ့၊ထားဝယ်မှမြိတ်သို့ပျံသန်းသောဖော်ကာ
F-27XYAETလေယဉ်၊ရာသီဥတုမကောင်းသောကြောင့်ပိုင်းလော့မှနောက်ကြောင်းပျံလှည့်မည်
ပြုသောအခါဗိုလ်စစ်မောင်မှ(ခရီးသည်များအသက်မငှဲ့ကွက်စွာ)"င့ါအလုပ်ပိုအရေးကြီးတယ်"
ဟုဆိုကာအတင်းဆင်းသက်ခိုင်းသောကြောင့်လေယဉ်ပျက်ကျမှုဖြစ်ကာ၊ခရီးသည်၎ဦးသေဆုံးကာ
သူအပါအ၀င်လူ၁၀ဦးဒဏ်ရာရခဲ့သည်။
စကားပြန်ကောက်ရလျှင်..ထိုရဟတ်ယဉ်ပျက်ကျပြီးနောက်ဦးတင်ဦးအားပေါင်ပြတ်လျက်သားတွေ့
ရကာဗိုလ်စစ်မောင်မှာဖြစ်ပြီး၃ရက်အကြာတွင်၊သံလွင်မြစ်အောက်ပိုင်းတနေရာတွင်ရုပ်ပျက်ဆင်းစွာ
တွေ့ခဲ့ကြသည်။ထိုနေ့ပျက်ကျမှုအားပြည်ပမီဒီယာများမှချက်ချင်းသိရှိကာကြေညာသော်လည်း
နအဖမှညနေမှသာဖော်ပြခဲ့ကြသည်။သတင်းစာနာရေးကကဏ္ဍတွင်လဲ..ခပ်တိုတိုသာဖော်ပြခဲ့ကြသည်။
(ဦးတင်ဦးဇနီးဒေါက်တာခင်ဝင်းရွှေမှစုံစမ်းရေးဖွဲ့ပေးရန်တောင်းဆိုခဲ့သော်လည်းဗိုလ်သန်းရွှေမှ...
ချွေးသိမ့်သည့်အနေဖြင့်စီးပွားရေးလုပ်ပိုင်ခွင့်အများအပြားပေးအပ်သည်မှအပစုံစမ်းမှုများမပြုလုပ်
ခဲ့သည်မှာလည်း..ပဟေဋိတခုဖြစ်ခဲ့ရသည်)
ဤကိစ္စနှင့်သက်ဆိုင်သူဟုထင်မြင်ကြသည်မှာ(၁)ဦးခင်ညွန့်ဖြစ်ပြီး(၂)အနေဖြင့်ဦးသန်းရွှေအား
သံသယရှိကြသည်။အဘယ်ကြောင့်ဆိုသော်....
၂၀၀၀-၂၀၀၁ခုနှစ်အတွင်း..သန်းရွှေသမီး၊ခင်သန်းရွှေသည်ဆွစ်ဇာလန်နိဲင်ငံဆိုင်ရာမြန်မာသံရုံးတွင်
အမှုထမ်းခဲ့ရာ၊ထိုရုံးမှအမှုထမ်းနေသူတဦးဖြစ်သည့်ဦးတင်ဦး၏သား၊ဇော်ထွန်းဦးနှင့်မရှင်မလင်းဖြစ်
ခဲ့ကြသည်။ထိုသား၊သမီးကိစ္စနှင့်လည်းဦးတင်ဦးနှင့်ဦးသန်းရွှေအကြားမကြေလည်မှုများကြီးထွားခဲ့သည်။
ထို့ပြင်ထို..ဇော်ထွန်းဦး၏ဇနီးသည်ရန်ကုန်မြို့တော်ဝန်ဦးကိုလေး၏သမီးဖြစ်သည်။ဦးကိုလေးသည်
ထိုနောက်ပိုင်း၊ထိုနှစ်(၂၀၀၁)ဖေဖော်ဝါရီလ၅ရက်နေ့တွင်ရာထူးမှဖယ်ရှားခံရကာ၊ဦးတင်ဦးမှာလည်း
ဖေဖော်ဝါရီလ၁၉ရက်တွင်သေဆုံးခဲ့သည်။ထိုအဖြစ်ပျက်တို့သည်..ဆက်စပ်မှုရှိသလော၊မရှိဘူးလော
ဆိုသည်မှာ..အမှောင်ကျနေသောမြန်မာပြည့်သတင်းလောကအတွင်းလျို့ဝှက်ဖိုင်(X'Files)အဖြစ်
ဆက်လက်ရှိနေအုံးမည်ဖြစ်သည်။
Read more...
THAN SWE LEH KYAING KHAING TE MI HAI IN KUAN
Tan Swe' thu At ding hi le hang a zi thu zong at loh pha mawh ding hi.Saw Maung pen ကျန်စစ်သား,sung lut hing,ci'n a mah le a mah ki um hi.Tua ကျန်စစ်သား Hai aa buai khathi, a hem khia ,Tanswee leu leu ciang သာလွန်မင်း Sung lut hing ci'n Hai leu leu hi.A Zi Kyine Kyine Leu leu ciang ဆင်ဖြူမရှင် sung lut haai a,a "Maat..khai" hi.2002 Kum aa ki pan in a mah leh a mah မယ်တော်ကြီး ki ci sak in, a ta nu teng ciang သမီးတော် ci sak hi. A inn uah zong Sofa Tutpah khat bek koih in Mg Aye na ngon sual tung ah tu kha, ci uh.
ဆင်ဖြူမရှင် in haai a hih man,Yakhaing gam pan a mat, Saikang teng YGN ah puak sak in Innsein-tai 9 aa sen Haan hem khia in a Saikang koih nang inn lam sak hi. A Ta Nu teng tawh Baydin Saya te gen mang in,2003-04 sung,Tang Puan silh in,Sai a tuan ua leh, a sai te ki lat in Saitung pan kia ngei uh hi. ကတော် sung teng ah bel..ဆင်စီးပြီးမြင်းရံမခံရဘဲ..ဆင်နင်းပြီးမြင်းကန်ခံရတဲ. Inn Kuan ci'n zah pih ngek ngek uh hi.
Ta 3 leh Tanu 5 nei uh.Kyine San Swe,Htun Naing Swe (or) Htun Htun Naing,Tan Zaw Swe (or) Mg Mg,Khin Pyone Swe,Kyi Ma swe (or)Kyi Kyi Swe(or) Mah Aww,,Tit Tit Swe (or)Aye Aye Tit Swe,Day Wa Swe,Tan Da Swe(or)Paugh Paugh...cih lia lua teng uh hi.
Htun Naing Swe leh Kyine SAn Swe te'n KoKant bingsem te tawh pawl in မြိတ် ah အအေးခန်း lam in,tua sung aa,nga sa sung ah..bing guang in gam dang ah khak uh hi. J Donut pen Kyine San Swe' zi Dr.Khin Win Sein neih hi.Khin Pyone Swe pasal pen Buhmugyi Thein Naing(Air) hi'n tun Mingaladone ah zum tu hi.Kyi Ma swe pasal ciang Buhmugyi Nay Soe Maung hi in,Kawlgam_HipHop la saim စိုင်းစိုင်းခမ်းလှိုင် sakhi ဝတ်မှုံရွှေရည် a tai pih,Nay Swe Tway Aung(or) ဖိုးလပြည်. pen a ta uh hi in Tanswe ii tu it pen pa hi.( Hi pa Gutang Azat a theih ciang..a zuak leh a zawl mi hau pi khat a hi မောင်ဝိတ် leh secong General ရဲမြင်.ta pa အောင်ဇော်ရဲမြင်. te man pah lian hi). စိန်စီသောည, sungaa min ta mi nu, Tan Da Swe pasal pen စီး/ကူး pan aa ဒုညွှန် a sem Buhmu Zaw Phyoe Win hi.
Inn Kuan neih Company Lian pi a sep loh uh hang ဆက်ကြေး ki pia teng tawk a sem te sang hau zo uh hi. လယ်/ဆည် minister Nyint Tin bang , a za kiat loh nang a zi Daw Khin Myo Oo in Kyine Kyine leh a ta nu te tung $ 1.5 Million a man Diamond tang 5 pia hi ci'n Banggok Post ah Lerry Jesin in at ngei hi. SingGam Minister Aung phone a kiat na zong, a ma khiang a nget sing lak khuan လိုင်စင် sung pan pawl khat na ki la khin hi cin a sem Company te'n Kyine kyine a တိုင် uh ciang a za kia pah lian hi.Tu hun Kawlgam sum hau pen တေဇ na sep sung ah zong Sharer tam pi na lut uh hi. A ki manမောင်ဝိတ် tawh zong sem khom uh.Ygn aa ကန်တော်ကြီးရိပ်သာ Restaurent leh Manlay-Kaughse a tai ဆင်ဖြူရှင် motor teng pen a ta nu te a hi.
Khin pyone Swe pen Switzerland ah pasal nei kim lai General တင်ဦး(a si zaw) ta pa Zaw Htun Oo tawk ki mawk uh.Zum Makai U Mya Tan in lah gen ngam lo,Gam neih sa sum tengl ah a ut bang aa zang in,a nu nung ciang Zaw htun OO Malay သံရုံး ah puak kul zah dong buai uh hi. A ki sai lo pi, U Mya tan pen, Kem/Khoi Thei lo ci'n a mun ah Germany သံအမတ်U Nyint Mg tawk laih uh.Tua na ngon,Khin Pyone Swe MAlay pai in Zaw Htun Oo Va Zaul den hi tuah hi.
I mintami nu Tandaswe(စိန်စီသောည) pen Sen Gam Zum ah sem hi.NA sem lo hi ရှန်ဟဲah sang va kah hi. A kah lai in U lian khat ii ta nu ton pih hi. A gitloh thuak lah a hih man ni 3/4 sung နိုင်ငံခြားရေး ဒုဝန်ကြီး Khin Maung Win khiang Taing, Khin Mg Win in a dang 2 tawh laih sak. Tua Kyine Kyine in a theih ciang,a ma heh na,2004-Sep18 ni aa "hepKhiat Pawi"sung ah Khin Mg Win zong ki hel pah hi.A Za kia pah hi.
Aye Aye Tit Swe leh Kyi Kyi Swe pen Singapore ah na sem uh.GAmneih sa sum tawh Inn Hoih, Motor Hoih Lei/tuang..bek lo in Friday ni sim Gamvalen-MAI tawh Inn Ciah..Hi pong uh hi. Khat veivei a ဈေးlei uh ngak in van leng za kai thei lai hi.တေဇ tawh hi..ci'n ki gen sia pian uh hi.
Tua dan hi in...TanSwe in A ma za luah ding pen သူရရွှေမန်းa deih hi.Tua zong Turah Swe Man zi,Daw Khin lay Tet, ni sim Tanswe zi leh Tanu te Na sep a huh man hi ci'n ကတော်sung ah ki ci hi. A hih hang သူရရွေမန်း tawh a ki um mawh khom, မြင်.ဆွေ pen ကြိုင်ကြိုင် tawh ki nai a hih man, ci'n Ygn aa စီးပွားရေးသမားten bang tun မြင်.ဆွေ a nek zaw uh hi....
Read more...
2008 december,25 ni in,kawl gam pan singapore a pai khia ding "Kotateget" a ki ci tenbaw tung pan Bing-118kg ki man hi. Hih pen kawl informer te khiang pan hi lo in Interpol leh Sen te mat hi.
၂၀၀၈၊ဒီဇင်ဘာလ၂၅ရက်နေ့မှာမြန်မာပြည်ကနေစင်္ကပူသွားမယ့်၊"ကိုတာတီဂက်"အမည်ရှိသင်္ဘောပေါ်ကနေ
ဘိန်းဖြူ၁၁၈ကီလိုဂရမ်ကို..မြန်မာအင်ဖော်မာတွေကနေမဟုတ်ပဲ..အင်တာပိုလ်(အင်တာနေရှင်နယ်ပူးလစ်)
အဖွဲ့ကနေမိခဲ့ပါတယ်။
Hih vai sung ah Kawlgam galkapmang te a ki hel lam a theih man un, Interpol te ngiat in a mat hi ci'n gen uh.Hun dang lai,gamgi pan puakhiat lai, Gamveng te'n phal lo ,gak cip a hih man-tui lam pan, a puakhiat uh hi.2003 kum pan kawlgam pan piang Bing-Thailand,Austrilia,Fiji tui pi tung teng pan mat ki pan hi. 2004 july 9,in Soesan a ki ci tebaw tung pan Bing 592.5 kg leh Yamah(sakol gutang),ki man hi. Mongam,tuipi tung pan hi.
ဒီကိစ္စထဲမှာ..မြန်မာပြည်ကစစ်ဘက်ခေါင်းဆောင်တွေပတ်သက်နေမှန်းသိနေကြတာမို့လို့အင်တာပိုလ်တွေ
ကိုယ်တိုင်ဝင်ဖမ်းခြင်းဖြစ်ပါတယ်။ပို့နေကျလမ်းကြောင်းဖြစ်တဲ့နယ်စပ်ဟာ..အိမ်နီးချင်းနိုင်ငံတွေကနေ
ပိတ်ပင်မှုတွေလုပ်လာနေတဲ့အတွက်ကြောင့်ရေလမ်းကိုသုံးရခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။၂၀၀၃ခုနှစ်အတွင်း
ကနေစပြီမြန်မာပြည်မှ..ဘိန်းတွေကို ထိုင်း၊သြစတေးလျနဲ့ဖီဂျီ..ရေပိုင်နက်တွေကနေစတင်ဖမ်းဆီးမိပါတယ်။
၂၀၀၄၊ဂျုလိုင်၉ရက်နေ့မှာမွန်ပြည်နယ်အတွင်း၊စိုးစံအမည်ရှိတဲ့သင်္ဘောပေါ်ကနေဘိန်းဖြူ ၅၉၂.၅ကီလိုနဲ့ ယာဘခေါ် မြင်းဆေးတွေကိုမိခဲ့ကြပါတယ်။
Hih Bing leh Gutang, sem "Gang" te'n sumvom( sum siang tho lo),pan sumngo( sum siang tho) apiang theih nang leh, BIng leh gutng a puak nang un,Bank, tenbaw khawlna,leh Company phuan in Vanleng line leh,lam sial nang in Consturction company phuan uh hi.Den, ii gen KotaTeget tenbaw pen,"Asiaworld"-tenbaw khawlna pan hong pai khia hi.
ဒီဘိန်းဖြူတွေကနေရရှိလာတဲ့ငွေမဲ(မသန့်ရှင်းတဲ့ငွေ)တွေကိုငွေဖြူ(တရားဝင်ငွေ)အဖြစ်ပြောင်းရန်အတွက်နဲ့
ဘိန်းတွေ၊ဆေးပြားတွေကူးသန်းရန်အတွက်ဘဏ်တွေဆောက်၊ သင်္ဘောလိုင်းတွေပြေး သည့်အပြင်၊လေယဉ်
လိုင်းတွေမှာလဲ..အစုရှယ်ရာတွေဝင်ကြပါတယ်။ထို့အပြင်..လမ်းတည်ဆောက်ရေးcompany တွေထောင်ခဲ့ကြ
လေသည်။အထက်မှ"ကိုတာတီဂက်"သင်္ဘောသည် "အေးရှားဝေါလ်"companyပိုင်သင်္ဘောတစီးဖြစ်လေသည်။
(1)Asia World Company-pen Kookant Bing kumpi "Law Hsit Han" neih hi. A tapa"Steven lo (lo) Tun Myin Naing te'n 1992 in a phuat khiat uh hi.A ta pa' zi.-A mo nu-Singapore te a hi Cecilia Ang(lo) Ang Aaw Hong' ma kaih a sep,AW(Asiaworld) neih Singapore branch 10 pen Sumvom vaai sem cih thei a hih man,American ten 2008.Feb25 in "Veel" hi.
ထို“အေးရှားဝေါလ်”သည် ကိုးကန့်ဘိန်းဘုရင်လော်စစ်ဟန်ပိုင်ဖြစ်ကာ၊ သားဖြစ်သူ“စတီဗင်လော်”(ခေါ်)
ထွန်းမြင့်ဦး(ခေါ်)အန့်အောဟောင်မှဦးစီးလျက်ရှိသောစင်္ကပူမှ အေရှားဝေါလ်၏ လက်အောက်ဌာန၁၀ခု
အား..အမေရိကန်အစိုးရမှငွေဖြူ၊ငွေမဲခဝါချမှုဖြင့်၂၀၀၈၊ဖေဖော်ဝါရီလ၂၆ရက်နေ့တွင်စစ်ဆေးခဲ့ကြသည်။
(2)Kokant-sen mi , U Kyaw Win pen 94 kum in Myanmar May Flower Bank phuan in Sumvom sem hi.Kawlgam ah MMF, Singapore ah TN Resources Pte Co; Ltd leh Thailand ah Phammtari Saw Mi Co; Ltd,teng phuan in,Bing sem hi..ki ci hi.Shangam pan piang Bing leh Yamah teng, ThaWee, Bake,Kawhtaug,Sittwe..cih Tuipi kim Khuapi teng ah a puak theih nang in Yangon Airway-Share teng 1997 in sumtam pi tawh lei hi.
နောက်တဦးကတော့၊ကိုးကန့်တရုတ်ဖြစ်သူဦးကျော်ဝင်းဖြစ်ပြီး၁၉၉၄ခုနှစ်မှာ..မြန်မာမေဖလားဝါးဘဏ်ကို
ငွေခဝါချရန်ရည်ရွယ်ချက်နဲ့တည်ထောင်ခဲ့ပါတယ်။ထို့အပြင်စင်္ကပူနိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှာ TN Resources Co;၊
Phammtari Saw Mi Co' Ltd ဆိုပြီးတည်ထောင်ကာမူးယစ်ဆေးဝါးများလုပ်ကိုင်ခဲ့ပါတယ်။ ထို့ပြင်..ရှမ်းပြည်
နယ်မှထွက်သောဘိန်း၊ယာဘနှင့်စိတ်ကြွဆေးများသယ်ယူနိုင်ရန် “Yangaon Air Way”၌ ၁၉၉၇ခုနှစ်တွင်
ငွေပုံအောကာရှယ်ရာဝင်ခဲ့ပါတယ်။
(3)Beemte(Wah) mi hau U Aih Tun in 1995 in Asia Danah Bank phuan khia leu leu hi. Sumvonak sep a hih man,American te Sumlam zeekna (Economic Ministry)pan MMF tawh 2001 Sept,11 in "Black list" in Guang hi.A sot lo in Teci(Tettay) tawh Kawl kum pi te tung Taai a hih man 2003 kum sung in Kawlkumpi zong, MMF-B, AD-B,Universal-Bank leh Yoma- Bank teng..(ut lo pi pi in)Black list sung ah guan loh pha mawh in guang hi.
နောက်ထပ်အနေနဲ့“ဝ”လူမျိုးသူဌေးဖြစ်သူဦအိုက်ထွန်းကနေ“အာရှဓနဘဏ်”ကိုဖွင့်ကာငွေခဝါချခဲ့သဖြင့်
့အမေရိကန်စီးပွားရေးဝန်ကြီးဌာနကနေ..မြန်မာမေဖလားဝါးဘဏ်နှင့်အတူ၂၀၀၁၊စက်တင်ဘာ၁၁ရက်နေ့ တွင်နာမည်ပျက်စာရင်းသွင်းခဲ့ပါသည်။ များမကြာမီမှာပင်သက်သေနှင့်တကွမြန်မာစစ်အစိုးရအာပြသနိုင်သဖြင့် ၂၀၀၃ခုနှစ်တွင်(မတတ်သာပဲ) မြန်မာမေဖလားဝါးဘဏ်၊အာရှဓနဘဏ်၊မြန်မာယူနီဗာဆယ်ဘဏ်နှင့်
ရိုးမဘဏ်တို့အားဖျက်သိမ်းခဲ့ရသည်။
MMF,AD,UVL bank teng 2005 kum in akhak sak uh hang Hongkong "Merfeea Gang" makaiSerg Pum neih YOMA bank bel khoih ngam lo hi.2008 kum in hong ska kik uh hi.KoGet- tenbaw a ki mat ni mah in, FMI pan Bing tampi mah ki man kha hi. A tung aa Bank nei sung teng pan a Zawng pen-UVL-Bank nei U Tin Sein pen-2007Aprl sung in kum 10, thong kia hi.
မြန်မာမေဖလားဝါး၊အာရှဓနနှင့်ယူနီဗာဆယ်ဘဏ်တွေကိုဖိအားပေးနိုင်ခဲ့ပေမယ် ဟောင်ကောင်မာဖီယား
သူဌေး“ဆတ်ပုန်း”ပိုင် ရိုးမဘဏ်အား၂၀၀၆ခုနှစ်တွင်ပြန်ဖွင့်လှစ်ခွင့်ပေးခဲ့ရသည်။အထက်ပါ“ကိုတာတီဂက်”
သင်္ဘောအားမိသောနေ့တွင်ပင် ရန်ကုန် FMI အိမ်ယာမှ ဘိန်းအမြောက်အများမိခဲ့ပါတယ်။ထိုအတွက်ကြောင့်
အထင်ပါဘဏ်ပိုင်ရှင်မူးယစ်ရာဇာများအနက်ပိုအားနည်းသော ယူနီဗာဆယ်ဘဏ်ပိုင်ရှင်ဦးသိန်းစိန်ဟာ
ထောင်၁၀နှစ်(သာ) ကျသွားခဲ့ပါတယ်။
Koget-tenbaw tung aa Bing pen tam mah mah hi,Tua Bing pen Beemte Makai pa Maak a hiU Aih hawh aa hi ki ci hi. Kokant Law hsit Han tawh ki liak in,YGN Airway leh MMF ah Sharer lut pi kat hi.
အထက်ပါ“ကိုတာတီဂက်”သင်္ဘောပေါ်မှဘိန်းသည်မတန်တဆများပြားလှသည်ဟုဆိုကြသည်။ဤဘိန်းတို့သည်
ဝလူမျိုးဦးအိုက်ဟော့ပိုင်ဖြစ်သ်ာဟုဆိုကြသည်။ထိုသူမှာ ၀ခေါင်းဆောင်၏သားမက်ဖြစ်ကာ၊လော်စစ်ဟန်
နှင့်အထူးအလွမ်းသင့်သည်သာမက..ရန်ကုန်လေကြောင်းလိုင်းနှင့်မြန်မာမေဖလားဝါးဘဏ်၏အဓိကအစု
ရှယ်ရာဝင်ထားသူဖြစ်သည်။
2004July,19 in Kawlgam,Sagaing Division-Inndaw,Sung ah PAJERO(2B/9467) sung pan Bing,Pistol teng mu uh.A nei pen "Yan Aa Hong" hi in,"Khunsa" Mi muan mah mah pa hi.Khunsa'neih, Mingaladone-Pyinmah Pin aa "MorningLight Co; Ltd" pan a hih man khah pah..bek tham lo in..Thong tang sak lo uh hi.2006,Jan5 in,Sengam-Shanghee' ah,hih pa mah Bing vaai tawh ki man leu leu hi.Sectary-1"Khin Nyut" a om non loh hang, Second Chief of Myanmar Police a hi Colnol Zaw Win va pai in la hi.Hih thu pianng en le hang galkap te,Bing leh Sumvom vai sung ah bang zah dong ki hel cih ki mu thei hi. "Gam tat hoihlo teng, nakpi tak in ki veel ding hi" ci'n2006,July17ni in a ci Chief of Myanmar Police Department- KhinYi lah .. a mah , a ma sa pen in sem a hih man "Poi" tak tak cih
sang a keng val hi ta hi mai ei...cih hong gen sawn ing.
နောက်တခုလူပြောများသည်မှာ၂၀၀၄ခုနှစ်၊ဂျုလိုင်၁၉ရက်နေ့တွင်စစ်ကိုင်းတိုင်း၊အင်းတော်ရွာအနီး
တွင်ပါဂျဲရိုး(၂ခ/၉၄၆၇)မှဘိန်းနှင့်ပစ္စတိုတလက်အားဖမ်းဆီးရရှိခဲ့ကြသည်။ပိုင်ရှင်မှာရန်အားဟုန်မှာ
ဘိန်းဘုရင်ခွန်ဆာ၏ညာလက်ရုံးဖြစ်သည်။ပစ္စည်းများမှာခွန်ဆာပိုင်“မောနင်းစတားcompanyမှ
ဖြစ်ကြောင်းသိသည်နှင့်တပြိုင်နက်ထောင်မဆိုနှင့်လွတ်လိုက်ကြလေသည်။ထို့ပြင်၂၀၀၆၊ဇန်နဝါရီလ
၅ရက်နေ့တွင်..ဤ“ရန်အားဟုန်”၊တရုတ်ပြည်..ရှန်ဟိုင်းမြို့တွင်ဘိန်းလက်ဝယ်ထားရှိမှုဖြင့်မိပြန်လေ
သည်၊တွင်း(၁)ဗိုလ်ချုပ်ခင်ညွန့်မရှိတော့သော်လဲ.ဒုရဲချုပ်ဇော်ဝင်းကိုယ်တိုင်သွားရောက်ကယ်ထုတ်
လာသည်ကိုထောက်ရှု၍စစ်ဘက်အရာရှိများ၊မူးယစ်ဆေးဝါးကိစ္စများတွင်မည်မျှလောက်ထဲထဲဝင်ဝင်
ပတ်သက်နေကြသည်ကိုခန့်မှန်းခဲ့ကြလေသည်။ထို့ပြင် ၂၀၀၆၊ဂျုလိုင်လ၁၇တွင်“မူးယစ်ဆေးဝါးနှင့်ရာဇ၀တ်မှုပြုသူများအားထိထိရောက်ရောက်အရေးယူသွားမည်”
ဟုကြွေးကျော်ခဲ့သော၊မြန်မာပြည်၏ရဲချုပ်ကြီးခင်ရီကိုယ်တိုင်ရန်ကုန်မြို့၏ပြည့်တန်ဆာခေါင်း
ဖြစ်နေသည့်အပြင်၊ရာဇ၀တ်မှုများနှင့်ပတ်သက်နေသောကြောင့်တိမ်းရှောင်နေသည်ဖြစ်သောကြောင့်...
ကိုမျိုးကြော့မြိုင်ဆိုခဲ့သကဲ့သို့..“လူဖြစ်ရတဲ့ဒုက္ခ..”ဟုဆိုယုံမှတပါးလုပ်ရမ်ာမသိသောပြည်သူများသို့
မကြာမီမှာပင်..ပြုတ်ကျ၊ကြတော့မည်ဖြစ်၍စိတ်မလျော့ကြပါရန်..အားပေးချင်ပါသည်ခင်ဗျား..။
Read more...