Nokia N73

Mobile နဲ့ပတ်သက်ပြီး ကျွန်တော် experience သိပ်မရှိပါဘူး။ ကျွန်တော် ပထမဦးဆုံးလုပ်လိုက်မိတဲ့ အကြောင်းလေးကတော့ Nokia N73 ကို N73 Music Edition သို့ ပြောင်းတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ N73 Music Edition ကို အသုံးများပါတယ်။ ကျွန်တော် N73 ကို သိပ်သုံးတာ မတွေ့ဖူးပါဘူး။ ကွာခြားချက်လေး ပြောပြချင်ပါတယ် phone ရဲ့ keypard မှာ တီးလုံးပုံစံလေးပါတာက Music Edition ပါ။ မပါဘဲနဲ့ မျှားလေး ၄ ခုပုံလေးဆိုရင်တော့ ရိုးရိုး N73 ပါ။ ရိုးရိုး N73 ကတော့ mp3 ကို support မလုပ်ပါဘူး။ Nokia PC suite က တဆင့် သီးချင်းထည့်မှသာ ဖွင့်လို့ရတာပါ။ နောက်ပြီးတော့ N73ME နဲ့ ရိုးရိုး မှာ တခြား ကွာခြားချက်တွေ အများကြီးရှိပါသေးတယ်။ အဲဒါတွေ အကုန်လုံးတော့ ကျွန်တော်မပြောပြတော့ပါဘူး။ လုပ်ပုံလုပ်နည်း တွေကိုတော့ ပြောပြပါ့မယ်။

firmware version ပြောင်းဖို့အတွက် Nokia Software updater လိုပါတယ်။ Nokia ရဲ့ ဘယ်ဖုန်းမဆို Firmware version မြင့်ချင်ရင် အဲဒီ nokia software updater နဲ့ မြင့်လို့ရပါတယ်။ Edition ပြောင်းဖို့အတွက်ကတော့ Nemesis Service Suite ဆိုတဲ့ software လိုပါတယ်။ တခြား ဖုန်းတွေ firmware update လုပ်တာကို ကျွန်တော်မပြောတော့ဘဲ N73 to N73ME ပြောင်းတာပဲ တန်းပြောပါတော့မယ်။

အရင်ဆုံး Nemesis Service Suite ကို download ချ။ install လုပ်။ ပြီးရင် Nokia Software updater ကိုလည်း install လုပ် (Nokia Software Updater ကတော့ Handset ၀ယ်ရင် ပါတဲ့ CD ထဲမှာ ပါမယ်လို့ထင်ပါတယ်)။ ဖုန်းကိုတော့ charging ပြည့်အောင် သွင်းထားရပါမယ်။ ဖုန်းကို USB နဲ့ ချိတ်ပါမယ်။ Install လုပ်ထားပြီးဖြစ်တဲ့ NSS software ကိုဖွင့်ပါမယ်။ ပြီးရင်တော့ မှန်ဘီးလူး ပုံလေးနဲ့ Scan for New device မှာ click လုပ်ရပါမယ်။ USB ကို detect ကြောင်းပြလာရပါ့မယ်။ ပြီးရင် phone Info ဆိုတာ ကို နိုပ်ပေးပါ။ အဲဒီမှာ ပါတဲ့ scan ကို နိုပ်လိုက်ရင်တော့ phone version ရယ် Phone IMEI code ကို ဖော်ပြပေးပါလိမ့်မယ်။ အဲကမှ တဆင့် ဘယ်ဘက်အခြမ်းမှာရှိတဲ့ Production Data Edit မှာ read ကို နိုပ်ပေးပါ။ Product Code နဲ့ တခြား information တွေ ကျလာမှာပါ။ အဲဒီမှာ အရေးကြီးတဲ့ ပြင်ပေးစရာရှိပါတယ် Product Code မှာ N73(ရိုးရိုး) အတွက် 0514865 ဖြစ်နေမှာပါ။ အဲဒါကို ပြင်ပေးရပါ့မယ်။ မြင်ရမယ့် code ကတော့ 0539343 ပါ။ နောက်တခုက ဘေးမှာ ရှိတဲ့ enable ဆိုတဲ့ check box ကို on ပေးရပါမယ်။ ပြီးရင်တော့ write ကို နိုပ်ပေးရပါမယ်။ အဲဒီအဆင့်ပြီးရင်တော့ firmware version နိုမ့်နေတဲ့ N73ME ဖြစ်သွားပါပြီ။ ဒါပေမယ့် တကယ် version မပြောင်းသေးပါဘူး။ပြောင်းဖို့အတွက်က...
NSS software ကို ပိတ်ပြီးတော့ Nokia Software Updater ကို ဖွင့်ပါ။ software က step 3 ဆင့်နဲ့ အလုပ်လုပ်မှာပါ။ ပထမ တဆင့်က ဖုန်းကို scan လုပ်မှာဖြစ်ပြီးတော့ ဘယ် version လဲဆိုတာ detect လုပ်မှာဖြစ်ပါတယ်။ ပြီးရင် online တက်ပြီးတော့ latest version ကို ရှာဖွေပါလိမ့်မယ်။ ခုနောက်ဆုံး N73 အတွက်တော့ RM133 4.0839.42.2.1 ဖြစ်ပါတယ်။ တခုပြောဖို့ကျန်တာက တချို့က ကိုယ့်ရဲ့ဖုန်းကို လုံခြုံရေးစိတ်ချရအောင် memory card တွေကို password တွေနဲ့ lock လုပ်ထားတက်ကြပါတယ်။ အဲဒီ Lock တွေကို ခဏ ဖြုတ်ပေးထားဖို့တော့ လိုပါတယ်။ software ကလည်း အဲဒီအတွက် message တခုနဲ့ ensure လုပ်ခိုင်းမှာပါ။ ensure လုပ်ဖို့ အမှန်ခြစ်ပြီးရင်တော့ update လုပ်သွားမှာပါ။
- အရေးကြီးတာတွေက update လုပ်နေစဉ်မှာ cable ကို ဖြုတ်လို့မရပါဘူး၊
- ဖုန်းကို ပိတ်လိုက်လို့မရပါဘူး။
- SIM card ထုတ်ပြီး လုပ်လို့မရပါဘူး။ offline profile လုပ်ထားလို့မရပါဘူး။
- Nokia Software updater ကို မသုံးချင်ရင် Nokia PC Suite ထဲကမှ တဆင့် backup လုပ်ထားပေးပါ။
- နောက်တခုကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့တော့... အဆင်မပြေလှတဲ့ ကိစ္စပါ။ Internet Connection သေချာရမှာပါ။ connection ကျသွားတယ် ၊ connection နှေးသွားတယ်ဆိုရင်တော့ ပြန်လုပ်ရမှာဖြစ်ပါတယ်။

N73 ME အတွက် အားလုံး 79.7MB ပြည့်တဲ့ထိ စောင့်ရမှာပါ။ ( ကျွန်တော်လုပ်တုန်းကတော့ ပထမ တစ်ခေါက်က 140MB ရောက်တဲ့ထိ မပြီးသေးဘူးဗျ connection ကျသွားလို့ ပြန်လုပ်လို့ရတယ်။ ဟီးဟီး . .အားမလျော့ပါနဲ့ဗျာ။ နောက်တခါလုပ်တော့ 79.7MB ရောက်တော့ ပြီးသွားပါတယ်။) ပြီးရင်တော့ သူက software တွေကို ထက်ပြီး update လုပ်ဦးမှာပါ။ နောက်ထက် မိနစ်အနည်းငယ်စောင့်ပြီးတာနဲ့ successful ဖြစ်သွားမှာပါ။ ဖုန်းက restart ကျသွားမှာဖြစ်ပြီးတော့ ပြန်တက်လာရင်တော့ Nokia N73 Music Edition ကိုတွေ့ရမှာဖြစ်ပါတယ်။ နဂို ဖုန်းထဲမှာ ရှိတာတွေ အားလုံးပျောက်သွားတာတွေ့ရမှာပါ။ မလန့်ပါနဲ့ဦး backup လုပ်ထားတယ်မလား ?restore ကို PC Suite ကနေ ပြန်လုပ်လိုက်ပါ။ contacts တွေပြန်ရမှာဖြစ်ပါတယ်။

အဲ.. တလက်စာထည်း nokia ဖုန်းတွေမှာ သုံးလို့ရတဲ့ key လေးတွေကို ပြောပြပေးပါမယ်။
* Firmware version ကို သိဖို့အတွက် *#0000#
* ဖုန်းရဲ့ serial No ကို သိချရင်တော့ *#06#
* ဖုန်းကို default reset လုပ်ချင်ရင် *#7370#
* စကားပြောတဲ့ မိနစ်( ဖုန်းစသုံးထဲက) ကိုသိချင်ရင်တော့ *#92702689# ဖြစ်ပါတယ်။

ခုနက N73 ME ပြောင်းသွားလား မပြောင်းသွားလား သိချင်ရင်တော့ *#0000# နဲ့ ကြည့်ကြည့်ပါ။ V 4.0839.42.2.1 27-09-2008 RM 133 Nokia N73(11) လို့မြင်ရမှာပါ။
ဒါဆိုရင် OK ပြီးလို့ပါတယ်။

-Ref:mmit

No comments:

Post a Comment