For...Iphone & Ipod Touch Users
အခုရေးမယ့် အကြောင်းအရာကတော့ Iphone နဲ့ Ipod touch သုံးစွဲသူတွေ အတွက် ကျွန်တော်လေ့လာထားသမျှ ပြန်လည်ဝေမျှပေးတာပါ. ကိုယ်တိုင် jailbreak တို့ Unlock တို့ လုပ်နိုင်သွားပါလိမ့်မယ်. iTunes မှာ software တွေ games တွေ Full version မရလို့စိတ်ညစ်နေသူများအတွက်ရောပေါ့…
ကျွန်တော်တစ်ခုလောက်တော့ ကြိုပြောထားပါရစေ. Download လုပ်ဖို့ file တွေကို ကိုယ်တိုင် မတင်ထားပေးပါဘူး. တခြားလင့်တွေကိုတော့ ချိတ်ပေးထားပါတယ်.
အရင်ဆုံး iPod ကို Jailbreak လုပ်ရပါမယ်
Firmware version တွေအစုံရှိတဲ့ http://www.felixbruns.de ကိုသွားလိုက်ပါ
iPhone များအတွက် iPhone 3G S (3.0/7A341) ကို download လုပ်ပါ.
iPod touch များအတွက် iPod touch 2G (3.0/7A341) ကို download လုပ်ပါ.
Firmware 3.0 ကို restore လုပ်ဖို့ iTunes v8.2 လိုပါတယ်.
စုံပြီဆို iTunes ကိုဖွင့်လိုက်ပါ. Shift + Restore button ကိုနှိပ်ပြီး download လုပ်ထားတဲ့
Firmware file ကို ထည့်လိုက်ပါ. ပြီးရင် သင့်ရဲ့စက်က firmware 3.0 ဖြစ်သွားပါပြီ. Jailbreak တော့မဖြစ်သေးဘူးနော်. Original version ပဲရှိသေးတာ.
Jailbreak လုပ်ဖို့အတွက် redsn0w v0.8 ကို http://www.iphoneworld.ca ကနေ download လုပ်ပါ
နောက်ထပ် Jailbreak လုပ်ဖို့ internet connection တခုလိုပါတယ်. Redsn0w ကိုဖွင့်ပြီး ညွှန်ကြားချက် အတိုင်းဆက်လုပ်လိုက်ပါ. အဲ…DFU mode ၀င်ရင် တစ်နေမလားပဲ. iTunes ဖွင့်ပြီးမှ DFU mode ၀င်ကြည့်လွယ်တယ်. Cydia ကို install လုပ်ဖို့ အမှန်ခြစ်လိုက်ဦးနော်. အောင်မြင်ပြီဆို သင့်ရဲ့စက်မှာ Cydia ဆိုတာပေါ်လာလိမ့်မယ်. ကဲ Jailbreak တော့ဖြစ်သွားပါပြီ.
Unlock ဆက်လုပ်ရအောင်. iPhone အတွက် wifi internet connection တခုလိုတယ်နော်. ကိုယ်ပိုင်မရှိလဲ free ပေးသုံးတဲ့နေရာတွေရှိပါတယ်. ရန်ကုန်မှာဆိုရင်တော့တချို့ coffee shop တွေမှာပေးသုံးနေပါပြီ. အခမဲ့သုံးနိုင်တဲ့နေရာတော်တော်များများလဲရှိပါသေးတယ်. ဒါတော့ ကိုယ့်ဘာသာ ကိုယ်ရှာနော့်…
iPhone မှာ Cydia ကို ဖွင့်ပါ. နောက် Manage>Sources>Edit>Add>http://repo666.ultrasn0w.com ကို ပေါင်းထည့်လိုက်ပြီး ultrasn0w ကို install လုပ်လိုက်ပါ.
အမှန်ပြောရရင် Apple က ပန်းသီးပုတ်တစ်လုံးပဲ
ဒါဝယ် ဒီကိုသွား ဒီ application သုံးကြည့် ကြိုက်လား ပိုက်ဆံပေး. ကန့်သတ်ချက်တွေ အရမ်းများတယ်
ပစ္စည်းကသုံးလို့ကောင်းသလောက် စိတ်ကလဲပုတ်ပ. ကဲပါ ပြောမနေတော့ပါဘူး ကိုယ်ကလည်းကြိုက်နေပြီ မဟုတ်လား…
အပြင်က၀ယ်ထားတဲ့ Crack application တွေကို iPod ထဲထည့်မယ်ဆို
Cydia ထဲမှာ http://cydia.hackulo.us ကို ပေါင်းလိုက်ပါဦး. ပြီးရင် crack applications တွေသုံးဖို့အတွက်
AppSync for OS 3.0 ရယ် Installous ရယ်ကို Install လုပ်လိုက်ပါ. ပြီးရင် iTunes ကနေ software တွေကို ထည့်သုံးကြည့်ပေါ့.
Installous ကတော့ ပိုက်ဆံမပေးရဘဲ application တော်တော်များများကို download လုပ်နိုင်ပါတယ်.
Wifi connection ကနေ တဆင့်ပေါ့. ကျွန်တော်ဆို Need for Speed Undercover တို့ Sim3 တို့ကို ဒီကပဲ ဒေါင်းပြီးဆော့တာ Full Version တွေနော်. ဆော့ကြည့် အရမ်းမိုက်တာ. Online bank account မရှိသူတွေရော ပိုက်ဆံအကုန်မခံချင်သူတွေအတွက်ပါ အရမ်းအဆင်ပြေတယ်…
အတိုချုံး ပြောရရင် iPhone နဲ့ iPod touch တွေက Wifi internet connection ရှိမှ သုံးရတာ တကယ်တန်တာ
Gtalk နဲ့ chat ချင် chat , ဒါမှမဟုတ် website တွေပဲ လျှောက်ကြည့်ဦးမလား အဆင်ပြေတယ်.
Requirement တွေကတော့
1 – iTunes v8.2
2 – Firmware v3.0
3 – redsn0w 8.2 (with internet connection)
4 – Wifi connection for using Cydia
ref:mmit
Subscribe to:
Post Comments (Atom)
No comments:
Post a Comment