“မရှိစေချင်သော”

တစ်ခါတုန်းက တောင်ပေါ်မြို့လေးတစ်မြို့ မှာ
ကောင်လေး နဲ့ ကောင်မလေးတို့
မွေးဖွားကြီးပြင်း ခဲ့တယ်...

သူတို့မှာ...
အတူတက်ခဲ့တဲ့ ဘုရားကျောင်းက ခေါင်းလောင်းသံတွေ ရှိတယ်...
အပြန်အလှန် ရေးဖွဲ့ခဲ့တဲ့ ကဗျာလှလှလေးတွေ ရှိတယ်..
အတူကုန်ဆုံးခဲ့တဲ့ ချင်းတောင်တန်းရဲ့ နေညိုချိန်တွေရှိတယ်..
ယှဉ်တွဲကခုန်ခဲ့တဲ့ ခွါဒိုညတွေရှိတယ်..
မိုးလင်းသွားတဲ့ မီးပုံပွဲတွေရှိတယ်...
ချိရှတဲ့ခေါင်ရည်နဲ့ ကောက်ညှင်းကျည်တောက်တွေ ရှိတယ်...
တမျှော်တခေါ် တောင်လှေခါးစိုက်ခင်းတွေရှိတယ်.
.
ချွေးသိပ်တဲ့ တောင်ယာအပြန် အပြုံးလှလှလေးတွေရှိတယ်...
ဖလှယ်ခဲ့ဖူးတဲ့ အားပေးစကားတွေရှိတယ်...
ရေတွက်ခဲ့တဲ့ ကြယ်လေးတွေရှိတယ်...
ဇလပ်ဖြူ၊နီတွေရှိတယ်...
နှင်းမှုန်တွေကြားက “ချင်းအမျိုးသားနေ့” များစွာရှိတယ်...
တကယ်ရှိခဲ့ပါလျှက် မရှိစေချင်ခဲ့တာက
သူတို့နှစ်ယောက်ရဲ့ ခွဲခွာချိန်....

ဇိုလျာနူး

(လျာကျိန်ဇဲလ်နျန်၊Final - ဆေးတက္ကသိုလ်၊မန္တလေး)ထံမှတင်ထားခြင်းဖြစ်ပါတယ်
(ချင်းတက္ကသိုလ်ကျောင်းသူ/သားများသမဂ္ဂ(Universities-Myanmar)ဆီကနေ..ရယူပါတယ်)

No comments:

Post a Comment