Format ချရအောင်
တစ်ခါတစ်လေမှာ ကိုယ်သုံးနေတဲ့ USB လေးက အကြောင်းအမျိုးမျိုးကြောင့်
ဖိုင်တွေ ထည့်လို့ မရတော့တာမျိုး .. ။ ထုတ်လို့ မရတော့တာမျိုး ...
Virus သမ သွားတာမျိုးလေးတွေ ရှိတတ်ပါတယ် .. ။ အဲဒီလို အခါမျိုးမှာ
USB လေးကို Format ရိုက်ပေးလိုက်ရင် များသောအားဖြင့် အဆင်ပြေသွားပါတယ် ..။
အောက်ကနည်းလေးကတော့ .......
USB drive ကို NTFS နဲ့ Format ချနည်းလေးပါ .. .။
ပထမဆုံး USB drive ကို တပ်လိုက် .. ။ ပြီးရင်
My Computer ကို Right Click နှိပ်ပြီး Manage ကို သွား ... ။
အဲဒါဆိုရင် computer management ကိုရောက်မယ် .. ။
အဲဒီရောက်ရင် System Tools က Device Manager ကိုသွား ..
ရောက်ရင် ညဘာက်မှာကြည့် .. Device Drive ဆိုတာလေး တွေ့မယ် ...
အဲဒါကို ကလစ်လိုက်ရင် .. အဲဒီမှာ ကိုယ့် USB Drive ကို တွေ့လိမ့်မယ် .. ။
တွေ့ပြီဆို USB Drive ကို RightClick ထောက် Propereties ကို သွား .. ။
ရောက်ရင် Tag မှာ Policies ကို ရွေး ..အဲဒီမှာ ၂ ခုတွေ့လိမ့်မယ် ..
“Optimize for quick removal” နဲ့ “Optimize for performance” ဆိုပြီး .. ။
အဲဒီမှာ “Optimize for performance” ကို ရွေးလိုက်ပါ .. ။
ဒါဆို USB drive ကို NTFS နဲ့ format ချဖို့ enables ဖြစ်သွားပါပြီ ..။
အားလုံးပြီးရင် OK ပေါ့ .. ပြီးရင် My Computer ကို သွား USB Drive ပေါ်
Rightclick နှိပ်ပြီး Format ချကြည့်ပါ.. ။ ချတဲ့ နေရာမှာ file system ကိုကြည့်လိုက်..
NTFS format option ကို တွေ့လိမ့်မယ် ... ။
ဒါဆိုရင် USB drive ကို NTFS နဲ့ Format ချလို့ ရသွားပါပြီ .. ။
Read more...
လူကိုခြွေသော
လူကိုခြွေသော
အလင်းစက်ရှိုက်ရယ်သံနဲ့
ဘယ်ဘက်ရင်အုံထဲရောက်နေခဲ့
မနက်ခင်းတွေလဲ..ဒီရီသံလေးတွေနဲ့
ကြိတ်ကြွေ..ကျကွဲခဲ့..
နောက်ကျတော့လဲအိမ်မက်တွေထဲ
ကိုလိုနီနယ်ချဲ့..တကယ်ပါ..
မင်း..မကောင်းဘူး
သစ်ကိုင်းမှာခိုနားတဲ့ငှက်
သစ်စိမ်းချိုးတယ်..မဆိုလိုချင်ပေမယ့်
ပျံသွားခဲ့ရင်လှုတ်ယမ်းခတ်လို့ကျန်ရစ်ရမယ့်အဖြစ်ကို
သိနေနှင့်လို့..မတိုးရဲခဲ့တဲ့ဒီခြေလှမ်းတွေ
တွေဝေနေခဲ့တာတော့မဟုတ်ခဲ့ရတာ..ယုံပါ
ဒီဆောင်းကုန်လို့..နွေဦးပေါက်ရင်
ဒီဆောင်းညအိမ်မက်ရှည်ကနေနိုးလာရမှာလား
သိနေနှင့်ပါတယ်..လေ
တကယ်တော့..ကောင်းမြတ်ဆိုသလို
စကားလေးတခွန်းကြားယုံနဲ့
ရူးနေရသူမို့...
မင်းထိုင်တတ်တဲ့..ချက်တင်ကိုတောင်
ငါမထိုင်ရဲခဲ့တာ...
မင်းသိနေခဲ့ရင်....သိနေခဲ့ရင်လေ...။
----------------------------------------------------------------------
(Aim to Nobody:This is Just a Poem)

ချက်တင်းနှင့်ပတ်သက်၍သိသင့်သည်များ
ကျွန်တော်တို့တွေ..စကားပုံတခုကိုကြားဖူးကြမှာပါ။နှုတ်ကြောင့်ကြေ...ဆိုတာရယ်
“နှုတ်သည်ရန်သူကိုမွေးဖွားစေကာ၊ရောဂါကိုဝင်ရောက်စေသည်”ဆိုတာလေးပေါ့..။
ဆိုတော့..ဒီခေတ်မှာ..စကားပြောကြတဲ့နည်းလမ်းတွေထဲမှာ..နောက်ဆုံးမော်ဒယ်လ်
ဖြစ်တဲ့..ချက်တင်းမှာ..ထိုင်တဲ့ခါ..သိသင့်တဲ့ ယဉ်ကျေးမှုလေးကိုဝေမျှချင်ပါတယ်..။
ယဉ်ကျေးမှုအမ်ျိုးမျိုးရှိပါတယ်....ထမင်းဝိုင်းယဉ်ကျေးမှု၊အိပ်စက်ခြင်းယဉ်ကျေးမှု..
စသဖြင့်..ဥပဒေတော့မဟုတ်ပေမယ်..လူယဉ်ကျေးမှန်ရင်လိုက်နာသင့်တယ်..လို့
သတ်မှတ်ထားကြတဲ့..ဘောင်၊စဉ်းမျဉ်းလေးတွေ..နေရာတိုင်းလူမျိုးတိုင်းမှာရှိပါတယ်။
ဥပမာ... ထမင်းစားရင်ဘယ်လို..စား၊ အိပ်ပြီဆိုရင်ဒီလိုကြီးမအိပ်နဲ့..စသည်ဖြင့်..
ပေါ့လေ... ဒါကို..Etiquette လို့ခေါ်ပါတယ်...
ချက်တင်းကတော့လူတိုင်း..ထိုင်ဖူးကြမှာပါ...အရင်ဆုံးတတ်တဲ့အင်တာနက်နည်းပညာ
လဲဖြစ်နိုင်ပါတယ်..ဒါပေမယ့်...ချက်တင်းထိုင်ရင်ဘယ်လိုထိုင်၊ဘယ်လိုပြောရမယ်..
ဘယ်လိုယဉ်ကျေးမှုရှိတယ်ဆိုတာ...ကျွန်တော်ဖတ်မိသလောက်..ဘာသာပြန်ကြည့်
ပါမယ်.....။ မူရင်းအာဘော်ကတော့..အတော့်ကိုရှည်ပါတယ်..။မြန်မာပြည်နဲ့လဲ..
မကိုက်တာတွေရှိတာမို့လို့..ကိုက်ညီတာ..ကောင်းတာလေးတွေ..ဝေမျှသွားပါမယ်..။
ချက်တင်းထိုင်ရင်..မီးနီ၊မီးစိမ်း..တခါတလေ..မီးဝါလေး..လေးတွေတွေ့ဖူးကြမှာပါ..။
မီးနီကတော့...“မအားဘူး၊အလုပ်များနေပါတယ်၊နောက်မှ..ပြောရအောင်”လို့ဆိုလိုပါတယ်။
ဒါကြောင့်မို့..နီနေတာတွေ့ရဲ့သားနဲ့..အတင်းစကားပြောတာ..မကောင်းပါ(တချို့ကတော့..
လှလို့တမင်..တင်ထားတာဆိုရင်တော့မတတ်နိုင်ဘူး..နားမလည်သေးတာ..ဖြစ်ပါမယ်)။
မီးဝါကတော့..မေးလ်တွေ..အရေးကြီးစာတွေ..လုပ်မနေပေမယ့်..တခြားဝက်ဘ်ပေ့ဂ်ျကို
ရောက်နေပါတယ်..အဝေးမှာပါ...လို့အဓိပါယ်ရပါတယ်..ဒါကြောင့်မို့..ပြောချင်တာရှိရင်
မက်ဆေ့ထားခဲ့ပေါ့..။အဲ..မီးစိမ်းလေးကတော့ရှင်းပါတယ်..အဲဗားဂေါ်လီ..ပြောလို့ရပါတယ်၊
ပြောချင်တာပြောပါ..ပေါ့ဗျာ...
နောက်တခုက..တချို့တွေက..အွန်လိုင်းတက်ရင်...တွေ့သမျှလူအကုန်စကားလိုက်ပြောတယ်။
ပြီးလဲပြီးကြရင်..မပြောမဆိုထွက်သွားပါတယ်..ဒါကြောင့်မို့..အ၀င်မှာနှုတ်ဆက်ပြီဆိုရင်..အပြန်
မှာလဲနှုတ်ဆက်သွားပါ..။ဒါမှ..တဖက်သူ..စိတ်ချမ်းသာမှာဖြစ်တယ်..
နောင်တစ်ခုက..ချက်တင်းဆိုတာဟာ..မိတ်ဆွေတွေချင်းချင်းစကားပြောမှ..အရသာရှိသလို..
မသိတဲ့သူဆိုရင်..ပြောစရာကိုမရှိပါဘူး။..ဒါကြောင့်မို့..မသိတဲ့သူတွေဆိုရင်..အင်ဗိုက်မလုပ်
ပါနဲ့(မင်းသား၊မင်းသမိးတွေဆိုရင်တော့..တမျိုးပေါ့ဗျာ)..တချို့ကရှိတယ်...ကိုယ်လဲမသိပဲနဲ့
Fwd မေးလ်ကနေတွေ့သမျှလူတွေကို..အကုန်မိတ်ဆက်နေတော့တာပါ..။..ဒါပေမယ့်..သူနဲ့
ကိုယ်မသိဖူးဘူး..သို့ပေမယ့်..ကိစ္စရှိလို့..ချက်တင်းတက်ရမယ်ဆိုရင်...ဘယ်သူဘယ်ဝါပါ..။
အင်ဗိုင်လုပ်ထားပါတယ်..လက်ခံပါ..စသဖြင့်..မေးလ်လေးနဲ့..ပြောထားပါ..ဒါမှ..တဖက်သူ
နဲ့..ပြောရဆိုရတာ..အဆင်ပြေမှာဖြစ်ပါတယ်...စတဲ့..နည်းနာလေးတွေပါ..
ကျွန်တော်လဲအရင်က..သိပ်မသိဖူးလူး..ပြောတယ်..ထွက်ချက်ထထွက်သွားတာပါ။နောက်..
အင်ဗိုက်လုပ်ရင်လဲ..ဒီတိုင်ဘလိုင်းကြီး..ပါ..။
ကောင်းတယ်..ထင်လို့..ကျွန်တော့်ဘလော့ဂ်မှာတင်လိုက်တာပါ..။သဘောမတူတဲ့အချက်တွေရှိရင်လဲ
ဆွေးနွေးလို့ရပါတယ်..။ဒါပေမယ့်..ဒီဟာတွေက..ကျွန်တော့်အာဘော်တော့မဟုတ်ပါဘူးလို့ပြောရင်း
နဲ့..ရပ်ပါမယ်...
---------------------------------------------------------------

ဧပြီ ၁၆၊ ၂၀၁၀ယမန်နေ့ညနေ ကန်တော်ကြီးစောင်း သင်္ကြန်မဏ္ဍပ်ရှေ့၌ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် သေဆုံးသူများအနက် မင်္ဂလာတောင်ညွှန့်မြို့နယ် စည်ပင် အုပ်ချုပ်ရေးမှူးတဦးပါဝင်ကြောင်း ယနေ့ထုတ် သတင်းစာပါ နာရေးကြော်ငြာအရ သိရှိရသည်။
အစိုးရပိုင် တီဗီနှင့် သတင်းစာကြေငြာချက်အရ ၈ဦးသေဆုံးသည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး အမျိုးသား ၅ဦး အမျိုးသမီး ၃ဦးဟုပါရှိသည်။ ထိုသေဆုံးသူ ၈ဦးအနက် မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဖြစ်သူ အငြိမ်းစား ဗိုလ်ကြီး သန့်စင်သိမ်း (၃၂နှစ်) ပါဝင်ခဲ့ခြင်း ဖြစ်သည်။ မဇ္ဈိမ သတင်းဌါန၏ ဖေါ်ပြချက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် အေးချမ်းသာယာရေး ကောင်စီ ဥက္ကဌဖြစ်သူ ဦးကျော်ငြိမ်းလည်း ဒဏ်ရာရရှိသူများ အနက်ပါဝင်ကြောင်းသိရသည်။ မျက်မြင်တဦးက ပြောကြားရာတွင် -
“ပထမဗုံးတလုံး ပေါက်တော့ အဲဒီစည်ပင်အုပ်ချုပ်ရေးမှူး ဗိုလ်ကြီးသန့်စင်သိမ်းက အရင်ဆုံး သွားကြည့်တယ်။ အဲသည်မှာတင် နောက်တလုံး ထပ်ပေါက်ကွဲတော့ သူ့ကိုပါ တခါတည်း ထိသွားတော့တာပဲ။” ဟု ဆိုသည်၊ ယနေ့ညနေ ရေဝေးတွင် မီးသဂြိုဟ်မည်ဟု ဖော်ပြထားသည်။ ထိုမဏ္ဍပ်နှင့် စည်ပင်ရုံးဝင်းမှာ ပေ ၁၀၀ ခန့်သာ ဝေးသည်။
ယမန်နေ့က မြန်မာ့ရုပ်သံ၊ MRTV 4 တို့မှ ဗုံးကွဲသည့် သတင်းကိုဖြစ်ပွားသည့် ညနေထုတ်လွှင့်ခဲ့ရာတွင် ဒဏ်ရာရရှိသူ ၉၄ဦးရှိသည်ဟု ကြေငြာခဲ့သော်လည်း ယနေ့ထုတ် အစိုးရသတင်းစာများတွင်မူ ဒဏ်ရာရရှိသူ တိုးမြင့်လာခဲ့ပြီး အမျိုးသား ၁၂၅ဦးနှင့် အမျိုးသမီး ၄၅ဦး စုစုပေါင်း ၁၇၀ ဦးဟုဖေါ်ပြထားသည်။ ဒဏ်ရာရရှိသူများအား ရန်ကုန်ဆေးရုံကြီး သို့ပို့ဆောင် ပြီးကုသမှုခံယူစေသည်ဟုလည်း သတင်းများတွင် ဖေါ်ပြထားသည်။
ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ယခင်နှင့် မတူပဲ ဖြစ်ပွားပြီး နာရီအနည်းငယ်အကြာတွင် နိုင်ငံပိုင် သတင်းမီဒီယာများဖြစ်သည့် တီဗီ၊ MRTV 4နှင့် အက်ဖ်အမ်ရေဒီယိုများမှ ကြေညာထုတ်လွှင့်ခဲ့သည်ကို တွေ့ရပြီး ထိုသို့ချက်ခြင်း ကြေညာခြင်းမှာ ထူးဆန်းသည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုလျက်ရှိကြသည်။
ဗုံးပေါက်ကွဲမှုအတွက် မည်သူမည်ဝါလက်ချက် ဖြစ်သည်ဆိုသည့် ကြေညာချက်များ ယခုထိ ထွက်ပေါ်သေးခြင်းမရှိပဲ မသမာသူများ၊ အဖျက်သမားများဆိုသည့် စွပ်စွဲသည့် စကားလုံးများဖြင့်သာ သတင်းထုတ်ပြန်ခဲ့သည်။ ရန်ကုန်မြို့မှ ပေါက်ကွဲမှု အများစု၏ လက်သည်များကို တိကျသည့် သက်သေများဖြင့် ဖမ်းဆီးရမိခြင်း မရှိသလောက် ဖြစ်ပြီး လူများစွာ သေဆုံးခဲ့သည့် ယခင် ၂၀၀၅ခုက စီတီးမတ်နှင့် ရန်ကုန်ကုန်သွယ်မှု ဗဟိုဗုံးကွဲမှုကိုလည်း ယနေ့ထက်တိုင် ဖေါ်ထုတ်နိုင်ခြင်းမရှိခဲ့ပေ။ အခြားသော ပေါက်ကွဲမှု အများအပြားမှာ လူနှင့် ဝေးရာ ၊ ညအချိန်များတွင် ပေါက်ကွဲလေ့ရှိပြီး နအဖ အစိုးရက လုံခြုံရေးတင်းကြပ်လို၍ တမင်တကာ လုပ်ဆောင်ချက်ဟု အများက ယူဆလျက်ရှိကြသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်တနေ့ဖြစ်သည့် ယနေ့ ရန်ကုန်သင်္ကြန်နောက်ဆုံးနေ့မှာ ပေါက်ကွဲမှု ဖြစ်ပွားရာ တ၀ိုက်မှလွဲပြီး အခြားသောနေရာများတွင် ရေပက်ခံကားများ၊ မဏ္ဍပ်များဖြင့် ဆက်လက်ရေကစား နေကြသည်ကိုတွေ့ရသည်။
နောက်ဆက်တွဲ..(၁)ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ် ရှေ့၌ သင်္ကြန် အကြတ်နေ့ ဧပြီ (၁၅)ရက်၊ မွန်းလွဲ ၃ နာရီ ခန့်တွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့မှုကြောင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ၊ အမှတ် (၄)စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်းချို သည် မျက်နှာ နှင့် ၀မ်းဗိုက် တို့တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရသော အခြေ အနေတွင် ရှိကြောင်း အမှတ် (၁) တပ်မတော် ဆေးရုံကြီး ၊ ကုတင် (၁၀၀၀) မှ အမည် မဖော်လိုသူ အရာရှိကြီး တစ်ဦး ထံမှ စုံစမ်း သိရှိ ရပါသည်။ အမှတ် (၁) တမ်မတော် ဆေးရုံကြီး ၊ ကုတင် (၁၀၀၀) မှ တာဝန်ကျ အရာရှိ တစ်ဦးကတော့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမှတ် (၄) စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်ချို ဆေးရုံကို ရောက်ရှိလာပုံကို အခုလို ပြောပြ ပါတယ် ။ မွန်းလွဲ ၃ နာရီ ၃၀ လောက်မှာ ဗိုလ်မှူးကြီး အုန်းချို ကျွန်တော်တို့ တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) ကို ဒဏ်ရာ တွေနဲ့ ရောက်လာ ပါတယ် ၊ ဗိုလ်မှူးကြီး အုန်းချိုကို ခွဲစိတ်ပါရဂူကြီး ဗိုလ်မှူးကြီး အုန်းမောင်မောင်နဲ့ အကူ အရာရှိတွေ အချိန် (၃)နာရီကြာ ခက်ခက် ခဲခဲ ဗုံးစတွေကို ခွဲထုတ် ရပါတယ် ။ မျက်နှာမှာ ကတော့ ဒဏ်ရာ သိပ်မပြင်းပါဘူး ၊ ဒဏ်ရာပြင်းတာက ၀မ်းဗိုက်မှာပါ ၊ အသဲ နဲ့ အူမကြီးကို ဗုံးစတွေ တော်တော် ထိသွားပါတယ် ၊ အခု ဗိုလ်မှူးကြီး အုန်းချိုကို ကျွန်တော်တို့ အမှတ် (၁) တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) အထူး ကြပ်မတ်ဆောင်မှာ ထားပါတယ်။ ကျွန်တော် သိရ သလောက်တော့ အခြေအနေက မကောင်း ဘူးလို့ သိရ ပါတယ်။
တိုင်းမှူး တို့ ကျမ်းမာရေး ၀န်ကြီးတို့တော့ ဗိုလ်မှူးကြီး အုန်းချိုကို လာကြည့်ကြတယ်။ ဗိုလ်မှူးကြီး အုန်းချို မိသားစုတွေ ကတော့ ဒီမှာ အခြေအနေ မကောင်းတဲ့ အတွက် အရင်က နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း သွားကုတဲ့ စင်ကာပူက ဆေးရုံကို သွားကုဖို့ ကြိုးစားနေကြတယ် ဟု ဗိုလ်မှူးကြီး အုန်းချို မိသားစု နှင့် နီးစပ်သော အသိုင်း အ၀ိုင်း ထံမှ သိရှိ ရပါသည်။
နောက်ဆုံး ရရှိသော သတင်း အရ ဗိုလ်မှူးကြီး အုန်းချိုကတော်မှ တိုင်းမှူးကတော်ကြီး မှ တဆင့် တိုင်းမှူး အား အသနားခံပြီး ဗိုလ်မှူးကြီး အုန်းချိုအား စင်ကာပူ ဆေးရုံတွင် သွားရောက်ဆေးကုသခွင့် ရရှိရန် ကြိုးစားနေကြောင်း သိရပါသည်။
နောက်ဆက်တွဲ..(၂)
(က)ဗုံးပေါက်ကွဲမှု၏ အဓိက သံသယ တရားခံမှာ နအဖစစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ မြေးဖိုးလပြည့်(ခ)နေရွှေသွေးအောင် ဖြစ်သည်ဟု ယူဆနေကြပြီး ၊ ၄င်းတို့စစ်အစိုးရအတွင်းရှိ သူမကျေနပ်သော ဗိုလ်ချုပ်သားများကို လုပ်ကြံခြင်းဖြစ်ကြောင်း ခိုင်လုံတိကျသေချာသော သတင်းရပ်ကွက်မှ သတင်းရရှိပါသည်။နအဖ စစ်အစိုးရမှ ယင်းဗုံးပေါက်ကွဲမှု သတင်းကို ပြည်တွင်း မီဒီယာဂျာနယ်များ တွင် အကျယ်တ၀င့် ဖော်ပြရန် ညွှန်ကြားနေကြောင်း၊ ဂျာနယ်မျက်နှာဖုံးများ၌ပင် ကြီးမားစွာ ဖော်ပြခိုင်းနေကြောင်း၊ ဤပေါက်ကွဲမှုသည် မိမိတို့နှင့်မသက်ဆိုင်၊ မိမိတို့တွင်တာဝန်မရှိ ၊ မိမိတို့၏ လုပ်ကြံခြင်း မဟုတ်ကြောင်း သိသာစေရန် နအဖစစ်အစိုးရ၏ ကာကွယ်မှု တစ်ရပ်ပင်ဖြစ်ကြောင်း ပြည်သူများအကြား ပြောဆို ဝေဖန်လျှက်ရှိပါသည်။
(ခ)နောက်ဆက်တွဲသတင်းများမှာ နအဖစစ်အစိုးရ၏ ခေါင်းဆောင်သန်းရွှေ၏ မြေး ဗိုလ်ချုပ်မှုးလေး ဖိုးလပြည့်အား စစ်ဖက်မှ ဗိုလ်ချုပ်တစ်ဦး၏ သားဖြစ်သူမှ လုပ်ကြံခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိပါသည်။ ယင်းပေါက်ကွဲမှု မဖြစ်ပွားခင် ၂ရက်အလိုတွင် စရဖ ထောက်လှမ်းရေးအဖွဲ့မှ သတင်းကြိုတင်ရကြောင်း၊ ယင်းဖေါက်ခွဲရေးဗုံးကို X20 မဏ္ဍာပ်ပေါ်မှနေ၍ LINCONL ကုမ္ပဏီမှဆေးလိပ်များ၊ အရက်ပုလင်းများ ကြဲချရာတွင် ရော၍ပစ်ချကြောင်း၊ ဖေါက်ခွဲမှုပြုလုပ်သူများမှာ နအဖစစ်အစိုးရ စွပ်စွဲပြောဆိုနေသော တိုင်းရင်းသားအဖွဲ့အစည်း၊ ကျောင်းသားအဖွဲ့အစည်းများ မဟုတ်ဘဲ နအဖစစ်အစိုးရ စစ်တပ်မှ လူများအချင်းချင်း လုပ်ကြံမှုဖြစ်ပါကြောင်း ခိုင်လုံသေချာတိကျသော သတင်းရပ်ကွက်များမှ သိရပါသည်။
Read more...
ကျွန်တော်လေးစားသောနှင့်ကျွန်တော်မလေးစားသော
ကျွန်တော်ဟာ..ငယ်ကတည်းကကျောင်းဆရာမ၊အမေ့ကျေးဇူးကြောင့်စာအုပ်ကောင်းတွေမြည်းခဲ့ရသလို...
မဖတ်ဖူးတဲ့..စာအုပ်(ကျွန်တော့်ခေတ်မှာထုတ်သမျှ နှင့် ပြန်လည်ထုတ်ဝေမှု)မရှိသလောက်ရှားပါတယ်..
စာအုပ်တွေစဖတ်ခါစ..ကတော့အများနည်းတူရွေသွေး၊မိုးသောက်ပန်း..ကနေစတာပါ..။
နောက်တော့ကာတွန်း..၀တ္ထု၊အထုပတ္တိ၊(ကြားထဲမှာ..သိုင်းဝတ္ထုလဲပါတယ်ဗျ)ဘာသာပြန်..နောက်..ကျမ်းတွေ
(ဖတ်ဖူးတယ်ရှိအောင်..ဒီပနီတွေကအစ..မှန်နန်းရာဇ၀င်အလယ်..ယောမင်းကြီးရဲ့ဥတုဘောဇနအဆုံး...)
စုံနေအောင်ဖတ်ပါတယ်။အဲလိုဖတ်နိုင်အောင်လဲ...စာအုပ်တွေအမေကရှာပေးပါတယ်...
နောက်တခုကတော့..အဖေ့ကျေးဇူးပေါ့ဗျာ..လက်တွေ့ဘ၀ရဲ့..စာမျက်နှာတွေသူကဖတ်ပြပါတယ်..
အဖေဟာ..၄တန်းတောင်အောင်ဖို့ခက်တဲ့..မိသားစုနဲ့တောင်ပေါ်ဒေသရဲ့..အခြေအနေတွေကြားကနေ
ကိုယ့်စရိတ်ကိုယ်ရှာပြီး..ဘွဲ့ရအောင်ယူခဲ့သူဖြစ်တာနဲ့အညီ..သူ့ဘ၀ရဲ့..ကြေမုံတွေဟာ..ကျွန်တော့်အတွက်ကိုယ်ပိုင်
အိပ်ယာဝင်သူရဲကောင်းပုံပြင်တွေဖြစ်ခဲ့ရပါတယ်...အိန္ဒိယလီဒိုအင်ဖာမှ..ပင်လယ်ရဲ့အလွန်ဖိလိပိုင်မနီလာအဆုံး..
သူရှောက်ခဲ့တဲ့သူ့လမ်းတွေကို..ကျွန်တော်.ခုပြန်တွေးကြည့်ရင်..လက်တွေ့လောကထဲရောက်လာမှ..
လေးစားလာမိပါတယ်(ခုတော့အဖေဆုံးတာ ဧပြီ၎မှာ..ဆိုရင်ခြောက်နှစ်ပြည်ခဲ့ပါပြီ။မှတ်မှတ်ရရအဲဒီနေ့က၊ကျွန်တော်
အယ်ဖြူရေးတဲ့..အဖေ..ဆိုတဲ့သီချင်းဆိုနေခဲ့မိတယ်)....
ဒီမိဘနှစ်ပါးဟာ..ကျွန်တော့်ကိုသားတယောက်ထည်းရှိသည်နှင့်အညီ..အလိုလိုက်ဖို့ဝေးလို့ကြပ်ကြပ်မတ်မတ်..ပျိုးထောင်
လာခဲ့ကြလို့..ဒီနေ့ဒီလို..ဖြစ်နေရတာပါ(ဘာမှတော့မဖြစ်သေးပေမယ့်..အပေါ်မော်ကြည့်ပြီးအားမငယ်တတ်တော့ဘူးပေါ့ဗျာ)
ပြောခဲ့တဲ့စကားပြန်ဆက်ရရင်..ကျွန်တော်နာကြားခဲ့ရသော၊ဖတ်မှတ်ခဲ့ရသော..နဲ့သဘောကျခဲ့ရသော..အကြောင်းအရာလေး
တွေရေးချင်ပါတယ်... [E-Tech ကြီးပဲရေးနေရတာငြီးငွေ့လာလို့ပါ..း)]
ကျွန်တော်ဖတ်ခဲ့ရတဲ့ထဲကနေတခုပြောရရင်..ဆရာကြီးရွေဥဒေါင်းရဲ့“တသက်တာမှတ်တမ်းနှင့်အတွေးခေါ်များ”စာအုပ်ထဲမှာ
သူပြောတာက“ယောက်ျားဆိုတာစုံရမယ်”..ဆိုတာကိုကျွန်တော်အတော်သဘောကျမိခဲ့တယ်..။သူပြောချင်တဲ့ယောက်ျားမှန်
ရင်စုံရမယ်ဆိုတာ..မကောင်းတဲ့အရာတွေအတွက်မဟုတ်ပဲ..ရှေးပါရှန်း၊ဂရိခေတ်က မြို့ပြနိုင်ငံ(Age of Civil state)
တွေရှိစဉ်..ကအယူအစဖြစ်ပါတယ်..သူတို့တုန်းကတော့..“စာတတ်ပြီး..တိုက်ခိုက်ရေးထူးချွန်ရမယ်”..ဆိုတာပါ..။
ဒီအရာကို..လမ်းကြောင်းတဲ့မတ်ပေးခဲ့တာကတော့အဖေပါ..အဖေဟာ..“အရက်သမားပါ”။ဘာလို့လဲဆိုသူ့လောက်..အရက်
ကိုကြိုက်တာရှားသလို..သောက်တတ်သူလဲရှားပါတယ်..။သူသောက်ပုံကညနေဆိုနှစ်ပက်လောက်သောက်ပါတယ်...
(အရက်လဲ..အကောင်းမှသောက်ပါတယ်)ပြီးရင်ဘယ်လောက်ပဲ..သောက်စရာရှိရှိ..သူ့လိမိဒ်..ရောက်ရင်ရပ်ပါတယ်..
ဒါကိုအတုထားပြီး..ယောက်ျားများ(အများစု)မကင်းနိုင်တဲ့..အရက်ကအစ..ကွမ်းအဆုံး..ကျွန်တော်ဒီကနေ့ထိ..မစွဲခဲ့တာ
ဖြစ်ပါတယ်..၀န်ခံရရင်အစုံ..စမ်းဖူးပါတယ်..(မယုံလဲ..ပုံပြင်မှတ်ပေါ့ဗျာ..:)..
ဒါကြောင့်မို့လို့..အရက်သောက်တတ်သူတိုင်းကိုကျွန်တော်အထင်မသေးပါ။အရက်သောက်ပြီးရှောက်ရမ်းသူတွေကိုသာ..
ကျွန်တော်မလေးစားတာပါ..။
နောက်တခုကတော့..
အရက်အကြောင်းရေးလက်စနဲ့ရေးရရင်..တချို့ဘော်ဒါတွေက..ရည်းစားနဲ့ကွဲလို့ဆိုပြီး..အရက်သောက်ကြတယ်ဗျ...
ကျွန်တော်လဲ..ရည်းစားရှိဖူးတာပဲ၊ကွဲလဲကွဲဖူးတာပဲ(တယောက်နဲ့တယောက်မတူဖူး..ပြောလို့ရပေမယ့်)..ကျွန်တော်၊
တော်တော်..မကြိုက်ဖူးဗျ။..မိန်းမတယောက်အတွက်ကြောင့်နဲ့များ..မူးမူးနဲ့ငိုလိုက်ကြသေးတယ်ဗျာ..(ဒီလိုပြောလို့
အမျိုးသမီးတွေကိုနှိမ်တယ်မယူဆစေလိုဘူး..ကျွန်တော့်အမေလဲမိန်းမပါပဲ)..ပြီးတော့..သူတို့ကိုအဲလိုပြောတော့..
“မင်း..တကယ်မချစ်လို့တဲ့..”ဟားဟား..ချစ်တာနဲ့သောက်ပြီးငိုစရာလားဗျာ...(အင်း..ဟုတ်ရင်လဲဟုတ်မှာပေါ့)။
ပြီးတော့ကျွန်တော်မလုပ်ချင်ဆုံးနောက်တခုက..မိန်းမတယောက်အတွက်နဲ့..ရန်ဖြစ်ရတာကိုပါ..ဒါလဲ..အတော့်...
ပျင်းစရာပဲဗျ..။ပိုဆိုးတာက..အမျိုးသမီးတယောက်နဲ့ရန်ဖြစ်ရတာရယ်..အမျိုးသမီးတွေကိုကိုယ်ထိလက်ရောက်
ရိုက်နှက်တာပဲ..မူးမူးနဲ့ရိုက်တတ်တဲ့လူတွေကိုတော့..ကျွန်တော်၊တော်တော်မျက်မုန်းကြိုးတယ်ဗျာ...။
နောက် Moral ခေါ်မလား..၊Ethic ခေါ်မလား..အဲဒီပိုင်းပြောရရင်..လူတချို့က..မုသားမပြော၊အရက်မသောက်၊
ဖဲမရိုက်တတ်တဲ့သူတွေဆိုရင်..“လေးစားစရာကောင်းတယ်”(ငါးပါးသီလခေါ်မလား..ခရစ်ယန်ဘာသာမှာလဲရှိပါတယ်)
လို့ပြောကြတယ်..ဒါပေမယ့်ကျွန်တော်ကတော့....(အနောက်တိုင်းကိုအထင်ကြီးတာမဟုတ်ပေမယ့်)..
အနောက်တိုင်းတွေရဲ့..Gentleman ၀ါဒကိုပိုကြိုက်မိတယ်..ဘာလို့လဲဆိုရင်၊ဒီလူတွေက(Gentleman အမည်ခံသူများမပါ)
အရက်သောက်ရင်သောက်မယ်၊ဖဲရိုက်ရင်ရိုက်လိမ့်မယ်၊ဒါပေမယ့်..သူတပါးကို..နောက်ကြောဒါးနဲ့မထိုးဘူး၊အကောက်မကြံဘူး။
ဥပမာ..လူတယောက်ဆေးရုံပို့ရလိမ့်မယ်..ငါးပါးသီလမြဲသူတယောက်ကတော့..မကူညီလဲ..အပြစ်မရှိဘူး၊ဒါပေမယ့်..
Gentleman တယောက်(အရက်သမားတယောက်ပေါ့ဗျာ..)မကူပဲမနေဘူး..မို့လို့..ဒီနှစ်ယောက်မှာ..အဲဒီ
အရက်သမားကို..ကျွန်တော်ပိုလေးစားတယ်..ဒါပါပဲ..။
ကဲ..ထပ်ရေးနေရင်လူမုန်းများပြီး..(မျက်နှာဖုံးစွပ်မွေးတွေရဲ့ဇာတာအတိုင်း..)သောက်ညင်ကပ်ခံနေရမှာဆိုတော့ဒီမျှသာနဲ့ရပ်ပါမယ်။
ကျွန်တော့်ရဲ့ခပ်ရိုးရိုးအက်ဆေးကို(လုံးဝ..မမျှော်လင့်စွာ)ကြိုက်တယ်..ဆိုပြီး..စာနဲ့ရော commentတွေရော၊သီချင်းတွေပါပို့တဲ့
ဘော်ကို၊ဘော်ညီ၊ဘော်အစ်မ၊ဘော်ညီမနဲ့..ဘော်ဒါတွေအားလုံးကိုကျေးဇူးတင်ပါတယ်လို့..“ရှဲ့ရှဲ့နီ”..ဆိုပြီးပြောချင်ပါတယ်။
---------------------------------------------------------------------------------
A Memorial for 6th:Annual of the date that My Daddy Pass Away and
May 6-Mothers Day;For Mommy[My Energy Pack :)]who lead and Guide me ..

About Task bar
ဒီနည်းလေးကတော့ လူတော်တော်များများလဲ သိပြီးသားဖြစ်မှာပါ ..
မသိသေးတဲ့ သူများအတွက်ရယ် ကျွန်တော့်မှတ်စုဖြစ်တဲ့ ဘလော့ဂ်ထဲမှာ
မထည့်ရသေးရယ်ကြောင့် အခုရေးလိုက်တာပါ ...ဘာလဲဆိုတော့
Task Bar ( Right Side ) ပေါ်မှာရှိနေတဲ့ နာရီလေးဘေးမှာ
ရှိနေတဲ့ { AM ၊ PM } ဆိုတဲ့ အချိန်ပြသင်္ကေတလေးကို
မိမိနာမည်သော်လည်းကောင်း မိမိစိတ်ကြိုက် ချိန်းချင်တာလေးတွေ
ချိန်းတဲ့နည်းလေးပါ ...ကဲ ..စမ်းကြည့်ရအောင်...
Start -> Control Panel -> Regional and Language option ->
ကို သွားလိုက်ပါ ...အဲဒီရောက်ရင် Customize (beside English US)
ကို Click လိုက်ပါ ...
Customize Regional option Box
တက်လာပါလိမ့်မယ် .. Time Tab ကို သွားလိုက်ပါ ...ရောက်ရင်
AM Symbol & PM Symbol ရဲ့ AM ၊ PM နေရာတွေမှာ
မိမိစိတ်ကြိုက် ပြောင်းပြီး ရိုက်ထည့်လိုက်ပါ ...
အားလုံးပြီးသွားရင် Apply ၊ OK နဲ့ အဆင့်ဆင့်ထွက်လိုက်ပါ ...

Subscribe to:
Posts (Atom)