Format ချရအောင်
တစ်ခါတစ်လေမှာ ကိုယ်သုံးနေတဲ့ USB လေးက အကြောင်းအမျိုးမျိုးကြောင့်
ဖိုင်တွေ ထည့်လို့ မရတော့တာမျိုး .. ။ ထုတ်လို့ မရတော့တာမျိုး ...
Virus သမ သွားတာမျိုးလေးတွေ ရှိတတ်ပါတယ် .. ။ အဲဒီလို အခါမျိုးမှာ
USB လေးကို Format ရိုက်ပေးလိုက်ရင် များသောအားဖြင့် အဆင်ပြေသွားပါတယ် ..။
အောက်ကနည်းလေးကတော့ .......
USB drive ကို NTFS နဲ့ Format ချနည်းလေးပါ .. .။
ပထမဆုံး USB drive ကို တပ်လိုက် .. ။ ပြီးရင်
My Computer ကို Right Click နှိပ်ပြီး Manage ကို သွား ... ။
အဲဒါဆိုရင် computer management ကိုရောက်မယ် .. ။
အဲဒီရောက်ရင် System Tools က Device Manager ကိုသွား ..
ရောက်ရင် ညဘာက်မှာကြည့် .. Device Drive ဆိုတာလေး တွေ့မယ် ...
အဲဒါကို ကလစ်လိုက်ရင် .. အဲဒီမှာ ကိုယ့် USB Drive ကို တွေ့လိမ့်မယ် .. ။
တွေ့ပြီဆို USB Drive ကို RightClick ထောက် Propereties ကို သွား .. ။
ရောက်ရင် Tag မှာ Policies ကို ရွေး ..အဲဒီမှာ ၂ ခုတွေ့လိမ့်မယ် ..
“Optimize for quick removal” နဲ့ “Optimize for performance” ဆိုပြီး .. ။
အဲဒီမှာ “Optimize for performance” ကို ရွေးလိုက်ပါ .. ။
ဒါဆို USB drive ကို NTFS နဲ့ format ချဖို့ enables ဖြစ်သွားပါပြီ ..။
အားလုံးပြီးရင် OK ပေါ့ .. ပြီးရင် My Computer ကို သွား USB Drive ပေါ်
Rightclick နှိပ်ပြီး Format ချကြည့်ပါ.. ။ ချတဲ့ နေရာမှာ file system ကိုကြည့်လိုက်..
NTFS format option ကို တွေ့လိမ့်မယ် ... ။
ဒါဆိုရင် USB drive ကို NTFS နဲ့ Format ချလို့ ရသွားပါပြီ .. ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment