About Task bar


ဒီနည်းလေးကတော့ လူတော်တော်များများလဲ သိပြီးသားဖြစ်မှာပါ ..
မသိသေးတဲ့ သူများအတွက်ရယ် ကျွန်တော့်မှတ်စုဖြစ်တဲ့ ဘလော့ဂ်ထဲမှာ
မထည့်ရသေးရယ်ကြောင့် အခုရေးလိုက်တာပါ ...ဘာလဲဆိုတော့
Task Bar ( Right Side ) ပေါ်မှာရှိနေတဲ့ နာရီလေးဘေးမှာ
ရှိနေတဲ့ { AM ၊ PM } ဆိုတဲ့ အချိန်ပြသင်္ကေတလေးကို
မိမိနာမည်သော်လည်းကောင်း မိမိစိတ်ကြိုက် ချိန်းချင်တာလေးတွေ
ချိန်းတဲ့နည်းလေးပါ ...ကဲ ..စမ်းကြည့်ရအောင်...
Start -> Control Panel -> Regional and Language option ->
ကို သွားလိုက်ပါ ...အဲဒီရောက်ရင် Customize (beside English US)
ကို Click လိုက်ပါ ...
Customize Regional option Box
တက်လာပါလိမ့်မယ် .. Time Tab ကို သွားလိုက်ပါ ...ရောက်ရင်
AM Symbol & PM Symbol ရဲ့ AM ၊ PM နေရာတွေမှာ
မိမိစိတ်ကြိုက် ပြောင်းပြီး ရိုက်ထည့်လိုက်ပါ ...


အားလုံးပြီးသွားရင် Apply ၊ OK နဲ့ အဆင့်ဆင့်ထွက်လိုက်ပါ ...

No comments:

Post a Comment