အခုဖော်ပြမယ့် အမေးအဖြေလေးက လွန်ခဲ့တဲ့ 2000 ခုနှစ် နှစ်ကုန်ပိုင်းလောက်
တုန်းက အလင်းတန်းဂျာနယ်မှာ စာရေးဆရာအတ္တကျော်ရေးသားတင်ပြထား
တဲ့
အပျင်းပြေ(၂) ဆိုတဲ့ အမေးအဖြေလေးပါ။ စိတ်ပညာဆိုင်ရာ သဘောလေးတစ်ခုလို့ 
ပြောပါတယ်။ လူ့ စိတ်ကို စနစ်တကျစမ်းသပ်တာတစ်မျိုးလို့ ပြောနိုင်ပါတယ်တဲ့။
အပျင်းပြေလေးနဲ့  ပျော်စရာကောင်းလို့ ကျမသူငယ်ချင်းတစ်ယောက်က
ကျမကိုစမ်းသပ်မေးပါတယ်။ သူပြောတဲ့ အတိုင်းဘာမှ မသိပဲ လိုက်ဖြေကြည့်မိတယ်။
အဖြေတွေအား လုံးနီးပါးတိုက်တိုက်ဆိုင်မှန်ကန်နေခဲ့ပါတယ်။ ဒီဟာလေးကိုသဘောကျလို
့ဂျာနယ်ရှာပြီး သိမ်းထားခဲ့တာပါ။ တစ်ခါတစ်ခါ မသိသေးတဲ့သူငယ်ချင်းတွေနဲ
့မေးစမ်းကြည့် တော့လဲ မှန်ပါတယ်။ မညာဖို့ နဲ့ သူများသိမှာစိုးရိမ်ရင်
တစ်ယောက်ထဲဖြေကြည့်နော်။
နံပါတ်စဉ်လေးတွေ ညွှန်းတာနဲ့ တစ်ချို့ ပြောချင်တာလေးတွေကိုနည်းနည်းပြင်ရေးထား
ပါတယ်။ ကျန်တာအားလုံးကတော့ အရင်းအတိုင်းပါပဲ။ သူငယ်ချင်းတွေကိုသတိရလို့ 
ပျော်ရအောင်ရည်ရွယ်ပြီး အင်း . . . အညောင်းခံပြီး၊ ပြန်ရိုက်လို
့တင်ပြလိုက်ပါတယ်နော်။
သူငယ်ချင်းတို့ ပြောတဲ့အတိုင်းလုပ်နော်။ လောလောဆယ်ဘောပင်နဲ့ စာရွက်သာ
အမြန်ယူထားလိုက်တော့။
* * * * * * * * * *
သည်နည်းလေးဟာ ကောင်းလည်းကောင်း လုပ်ကြည့် ပျော်တယ်လို့ 
စကားဦးသန်းလိုက်ချင်ပါတယ်။ စုစုပေါင်းသုံးလေးမိနစ်ပဲချိန်ပေးဖို့ လိုမှာပါ။
ဒါပေမယ့် ပျော်စရာလေးပါ။
အရေးကြီးတာက ညွှန်ကြားချက်တွေအတိုင်း တစ်သဝေမသိမ်းလိုက်နာဖို့ ပါပဲ။
ညွှန်ကြားချက်တွေကို တစ်နည်းနည်း နဲ့ လှည့်ဖျားမယ်ဆိုင်တော့
အောင်မြင်မှာမဟုတ်သလို နောက်ဆုံး ကျခါမှ လှည့်ဖျားမိခဲတဲ့အတွက်
နောင်တရနေမှာလည်းအသေအချာပါ။ အဲ့တော့သုံးလေးမိနစ်လေးပဲ အချိန်ယူပြီးဒါလေးကို
စမ်းကြည့်ပါ။ ကောင်းကောင်းကြီးပျော်သွားရပါစေမယ်။
သည်စာကို ပို့ လိုက်တဲ့သူကပြောတယ်။ သည်စာကိုဖတ်ပြီး ဆယ်မိနစ်အတွင်းမှာ သူ
့ဆုတောင်းပြည့်ခဲ့တယ်ဆိုပဲ။ ဒါပေမယ့် မညာကြေး၊ မလိမ်ကြေးနော်. . .။
ပျော်စရာလည်းကောင်း ၊ အံ့သြစရာလည်းကောင်းတဲ့ အဖြေတွေပေါ်လာလိမ့်မယ်။
သည်နေရာကစပြီး တစ်ကြောင်းမှကျော်မဖတ်ပါနဲ့ ၊ သူ့ အစီအစဉ်အတိုင်းဖတ်ရင်း
လုပ်သွားပါ။
ကိုင်း . . . စလိုက်ကြရအောင်။
ပထမဆုံးစက စက္ကူလွတ်တစ်ရွက်နဲ့ မင်တံတစ်ချောင်းယူလိုက်ပါ။ ဘောပင်ဖြစ်ဖြစ်၊
ခဲတံဖြစ်ဖြစ်ပေါ့။
ရေးလို့ ထင်ရင်ပြီးတာပဲနော့ ။
သတိထားရမှာက လူနာမည်တွေကိုရေးတဲ့အခါ ကိုယ်နဲ့ တကယ်သိကျွမ်းနေတဲ့သူ၊ ရင်းနှီးတဲ့
သူတွေကိုသာရွေးပါ။ ပြီးတော့ စိတ်ထဲမှာ ဖျိုးကနဲ ၊ ဖျတ်ကနဲနဲ့ ပထမဆုံး
ပေါ်လာတာတွေကိုသာ ချရေးပါနော်။
ထပ်ပြောမယ်နော်။ တစ်လိုင်းချင်း ဖြည်းဖြည်းဖတ်ရင်း ဖြေသွားနော်။
လုံးဝကျော်မဖတ်နဲ့ ၊
ကျော်ဖတ်လိုက်ရင် ပျော်စရာကောင်းတော့မှာ မဟုတ်ဘူးဆိုတာ ထပ်ပြီးပြောပါရစေနော်။
စပါပြီ . . .
(က) ရှေ့ ဦးစွာ 1 မှ 11 အထိ ကို အထက်မှအောက် တန်းစီပြီး ချရေးလိုက်ပါ။
နံပါတ်စဉ်ထိုးတဲ့ သဘောပါ။
နမူနာ - 1
2
3
4
5
6
7
8
9
10
11
(ခ) ပြီးရင် နံပါတ် 1 ဘေးမှာ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ)
(ဂ) နံပါတ် 2 ဘေးမှာလဲ ကိုယ်ကြိုက်တဲ့ ဂဏန်းတစ်ခုကိုရေးလိုက်ပါ။
(ဥပမာ-တစ် မှ ကိုး (သို့ ) တစ်ရာထိ ကြိုက်ရာပါ)
(ဃ) နံပါတ် 3 ဘေး နဲ့  နံပါတ် 7 ဘေး မှာအနီးစပ်ဆုံး ဆန့် ကျင်ဘက်များရဲ
့နာမည်များ ချရေးပါ။ (ယောက်ျားဖြေတာဆိုရင် မိန်းမနှစ်ယောက်နာမည်၊
မိန်းမဖြေတာဆိုရင် ယောက်ျားနှစ်ယောက်နာမည်တွေပဲပေါ့) (ဖျတ်ကနဲပေါ်တာနော်၊
မြန်မြန်လေး)
ထပ်ပြီးသတိပေးပါရစေ။ ကျော်မဖတ်ပါနဲ့ နော်၊ ကျော်ဖတ်ရင်
အားလုံးလွဲကုန်ပါလိမ့်မယ်။
ကောင်းပါပြီ။ အပေါ်ကညွှန်ကြားချက်တွေအတိုင်းရေးလို့ ပြီးမယ်ထင်ပါတယ်။ ဆက်မယ်နော်။
(င) နံပါတ် 4၊ 5၊ 6 ဘေးမှာ မိသားစုထဲကဖြစ်ဖြစ် ၊ မိတ်ဆွေ ၊
သူငယ်ချင်းထဲကဖြစ်ဖြစ်
ခေါင်းထဲ ပေါ်လာတဲ့ နာမည်သုံးခု ကိုချရေးလိုက်ပါဦး။
(အရင်ရေးပြီးမှဆက်ဖတ်ပါနော်)။
သတိပေးချင်ပါသေးတယ်။ အလိမ်နဲ့ ၊ မညာနဲ့ နော်။ လိမ်ညာမိရင်နောက်မှ
နောင်တရနေလိမ့်မယ်။
(စ) သီချင်းခေါင်းစဉ် လေးခုကို နံပါတ် 8 ၊ 9၊ 10 နဲ့  11 ဘေးမှာချရေးလိုက်ပါ။
(စဉ်းစားရတော့ခက်မယ်ထင်တယ်။ သီချင်းခေါင်းစဉ်မသိလဲ သီချင်းစာပိုဒ်လေးသာ
ခံစားမိသလို ဖျတ်ကနဲပေါ်တာတွေသာချရေးလိုက်နော်။ အကြာကြီးစဉ်းစားမနေနဲ့ )
(ဆ) ကဲ . . . အားလုံးပြီးသွားပြီနော်။ ပြီးသွားပြီဆိုရင် လိုရာဆုတောင်းလိုက်ပါ။
အားလုံးသေချာပြီဆိုရင်တော့အဖြေတွေကို ကြည့်လိုက်တော့နော်
အခုတောင်းတဲ့ဆုလေးပြည့်ချင်တယ်ဆိုရင် အခုအမေးအဖြေလေးတွေအကြောင်းကို
နံပါတ် 1 မှာ သင်ရေးထားတဲ့ ဂဏန်းအတိုင်း (လူအရေအတွက်)စေ့အောင် နံပါတ် 2 မှာ
သင်ရေးထားတဲ့ ကဏန်းအတိုင်း (ရက်အတွင်း)ပြောလိုက်ပါ။ ဒါဆိုဆုတောင်း
တွေမကြာခင်ပြည့်လာပါလိမ့်မယ်။ (ဒါတော့ ချင့်ယုံပါလို့ ပြောချင်တယ်
နောက်ပိုင်းအဖြေလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ဖတ်ကြည့်ဦးနော်)
နံပါတ် 3 ဘေးမှာရေးထားတဲ့ သူနာမည်က ကိုယ်ချစ်တဲ့သူတဲ့။ (ဟုတ်ပါရဲ့ လား)
နံပါတ် 7 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့သူ။ ကိုယ်နဲ
့သိပ်တော့လည်းမတိုက်ဆိုင်တဲ့သူပါတဲ့။
နံပါတ် 4 ဘေးမှာရေးထားတဲ့ သူကိုကျတော့ ကိုယ်ကဂရုအစိုက်မိဆုံး၊
အလေးပေးမိဆုံးပါတဲ့။
နံပါတ် 5 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်ကို ကောင်းကောင်း သိရှိနားလည်
သူပေပဲပေါ့။
နံပါတ် 6 ဘေးမှာရေးထားတဲ့ သူကတော့ ကိုယ့်အတွက်ကံကောင်း စေမယ့်သူပါပဲ။
နံပါတ် 8 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 3 ကသူနဲ
့လိုက်ဖက်တဲ့ သီချင်းလေးပါ။
နံပါတ် 9 ဘေးမှာရေးထားတဲ့ သီချင်းခေါင်းစဉ်လေးကတော့ နံပါတ် 7 ကသူအတွက်ပေါ့နော်။
နံပါတ် 10 ဘေးမှာရေးထားတဲ့ သီချင်းကတော့ကိုယ့်စိတ်ကို
အများဆုံးရောင်ပြန်ဟပ်နေတဲ့ သီချင်းပါတဲ့။
နံပါတ် 11 ဘေးကသီချင်းကတော့ ကိုယ့်ဘ၀ခံယူချက်ကိုထင်ဟပ်နေပါ လိမ့်မယ် ။
* * * * * * * * * *
ကဲ သူငယ်ချင်းတို့ ရေ နည်းနည်းတော့ဆန်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။
အပျင်းပြေလေးနဲ့ ကျေနပ်မယ်ဆိုရင် ဒီစာလေးကိုပြန်ရိုက်ပြီးဖော်ပြရ
ကျိုးလေးနပ်ပြီ။ ကျေးဇူးတင်ပါတယ်။
Source( Copy&Paste)
Read more...
ယောက်ျားများကိုအန်စေသောမိန်းမ..
၁. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ
၂. ယောက်ျားအများကို တုံးအတဲ့ တဏှရူးတွေဟု ထင်သော မိန်းမ
၃. ယောက်ျားတယောက်ကိုဈေးတွက်တွက်ပြီး၊ထိုယောက်ျားအခြေနေမြင့်မားမှပြန်ကြိုက်တတ်သောမိန်းမ
၎. ယောက်ျားတယောက်ကိုနှိမ်ပြော၊ပြောတတ်သောမိန်းမ
၅. အမျိုးဂုဏ်၊ဥစ္စာဂုဏ်၊ပညာဂုဏ်မောက်သောမိန်းမ
၆. သဘောထား သေးသိမ်သော မိန်းမ
၇. လမ်းလျောက်လျှင် တစ်ဖပ်ဖပ် မြည်အောင်လျောက်သော မိန်းမ
၈. မိတ်ကပ်မလိမ်းတတ်ဘဲ လိမ်းထားသော မိန်းမ
၉. တစ်ပျစ်တောက်တောက် ရွတ်တတ်ပြီး ဖြတ်ထိုးဥာဏ်နည်းသော မိန်းမ
၁၀. မျက်စိကို ဓာတ်လွှတ်နေသကဲ့သို့ ညှိ့ကစားတတ်သော မိန်းမ
၁၁. မျက်ရည်အကျလွယ်ပြီး အငိုသန်သော မိန်းမ
၁၂. အိမ်ထောင်ကျပြီးသော်လည်း လျှပ်ပေါ်လော်လီနေတတ်သော မိန်းမ
၁၃. အသုံးအဖြုန်းကြီးသော မိန်းမ
၁၄. ခြေသလုံး တုတ်ပြီး စကပ်တို ၀တ်တတ်သော မိန်းမ
၁၅. ချစ်သူရီးစားကို ထမင်းမဖိတ်ကျွေး လက်ဆောင်မပေးဖူးသော မိန်းမ
(ဘာရယ်မဟုတ်ဖူး..တင်လိုက်တာပါ။အင်း...၀ိုင်းတော့မကောလောက်ပါဖူးနော်။
ကျွန်တော်လဲ..နံပတ်၁ ကနေ ၅ ကိုကြိုက်လို့တင်လိုက်တာပါ)
ref:m51a

Format ချရအောင်
တစ်ခါတစ်လေမှာ ကိုယ်သုံးနေတဲ့ USB လေးက အကြောင်းအမျိုးမျိုးကြောင့်
ဖိုင်တွေ ထည့်လို့ မရတော့တာမျိုး .. ။ ထုတ်လို့ မရတော့တာမျိုး ...
Virus သမ သွားတာမျိုးလေးတွေ ရှိတတ်ပါတယ် .. ။ အဲဒီလို အခါမျိုးမှာ
USB လေးကို Format ရိုက်ပေးလိုက်ရင် များသောအားဖြင့် အဆင်ပြေသွားပါတယ် ..။
အောက်ကနည်းလေးကတော့ .......
USB drive ကို NTFS နဲ့ Format ချနည်းလေးပါ .. .။
ပထမဆုံး USB drive ကို တပ်လိုက် .. ။ ပြီးရင်
My Computer ကို Right Click နှိပ်ပြီး Manage ကို သွား ... ။
အဲဒါဆိုရင် computer management ကိုရောက်မယ် .. ။
အဲဒီရောက်ရင် System Tools က Device Manager ကိုသွား ..
ရောက်ရင် ညဘာက်မှာကြည့် .. Device Drive ဆိုတာလေး တွေ့မယ် ...
အဲဒါကို ကလစ်လိုက်ရင် .. အဲဒီမှာ ကိုယ့် USB Drive ကို တွေ့လိမ့်မယ် .. ။
တွေ့ပြီဆို USB Drive ကို RightClick ထောက် Propereties ကို သွား .. ။
ရောက်ရင် Tag မှာ Policies ကို ရွေး ..အဲဒီမှာ ၂ ခုတွေ့လိမ့်မယ် ..
“Optimize for quick removal” နဲ့ “Optimize for performance” ဆိုပြီး .. ။
အဲဒီမှာ “Optimize for performance” ကို ရွေးလိုက်ပါ .. ။
ဒါဆို USB drive ကို NTFS နဲ့ format ချဖို့ enables ဖြစ်သွားပါပြီ ..။
အားလုံးပြီးရင် OK ပေါ့ .. ပြီးရင် My Computer ကို သွား USB Drive ပေါ်
Rightclick နှိပ်ပြီး Format ချကြည့်ပါ.. ။ ချတဲ့ နေရာမှာ file system ကိုကြည့်လိုက်..
NTFS format option ကို တွေ့လိမ့်မယ် ... ။
ဒါဆိုရင် USB drive ကို NTFS နဲ့ Format ချလို့ ရသွားပါပြီ .. ။

လူကိုခြွေသော
လူကိုခြွေသော
အလင်းစက်ရှိုက်ရယ်သံနဲ့
ဘယ်ဘက်ရင်အုံထဲရောက်နေခဲ့
မနက်ခင်းတွေလဲ..ဒီရီသံလေးတွေနဲ့
ကြိတ်ကြွေ..ကျကွဲခဲ့..
နောက်ကျတော့လဲအိမ်မက်တွေထဲ
ကိုလိုနီနယ်ချဲ့..တကယ်ပါ..
မင်း..မကောင်းဘူး
သစ်ကိုင်းမှာခိုနားတဲ့ငှက်
သစ်စိမ်းချိုးတယ်..မဆိုလိုချင်ပေမယ့်
ပျံသွားခဲ့ရင်လှုတ်ယမ်းခတ်လို့ကျန်ရစ်ရမယ့်အဖြစ်ကို
သိနေနှင့်လို့..မတိုးရဲခဲ့တဲ့ဒီခြေလှမ်းတွေ
တွေဝေနေခဲ့တာတော့မဟုတ်ခဲ့ရတာ..ယုံပါ
ဒီဆောင်းကုန်လို့..နွေဦးပေါက်ရင်
ဒီဆောင်းညအိမ်မက်ရှည်ကနေနိုးလာရမှာလား
သိနေနှင့်ပါတယ်..လေ
တကယ်တော့..ကောင်းမြတ်ဆိုသလို
စကားလေးတခွန်းကြားယုံနဲ့
ရူးနေရသူမို့...
မင်းထိုင်တတ်တဲ့..ချက်တင်ကိုတောင်
ငါမထိုင်ရဲခဲ့တာ...
မင်းသိနေခဲ့ရင်....သိနေခဲ့ရင်လေ...။
----------------------------------------------------------------------
(Aim to Nobody:This is Just a Poem)

ချက်တင်းနှင့်ပတ်သက်၍သိသင့်သည်များ
ကျွန်တော်တို့တွေ..စကားပုံတခုကိုကြားဖူးကြမှာပါ။နှုတ်ကြောင့်ကြေ...ဆိုတာရယ်
“နှုတ်သည်ရန်သူကိုမွေးဖွားစေကာ၊ရောဂါကိုဝင်ရောက်စေသည်”ဆိုတာလေးပေါ့..။
ဆိုတော့..ဒီခေတ်မှာ..စကားပြောကြတဲ့နည်းလမ်းတွေထဲမှာ..နောက်ဆုံးမော်ဒယ်လ်
ဖြစ်တဲ့..ချက်တင်းမှာ..ထိုင်တဲ့ခါ..သိသင့်တဲ့ ယဉ်ကျေးမှုလေးကိုဝေမျှချင်ပါတယ်..။
ယဉ်ကျေးမှုအမ်ျိုးမျိုးရှိပါတယ်....ထမင်းဝိုင်းယဉ်ကျေးမှု၊အိပ်စက်ခြင်းယဉ်ကျေးမှု..
စသဖြင့်..ဥပဒေတော့မဟုတ်ပေမယ်..လူယဉ်ကျေးမှန်ရင်လိုက်နာသင့်တယ်..လို့
သတ်မှတ်ထားကြတဲ့..ဘောင်၊စဉ်းမျဉ်းလေးတွေ..နေရာတိုင်းလူမျိုးတိုင်းမှာရှိပါတယ်။
ဥပမာ... ထမင်းစားရင်ဘယ်လို..စား၊ အိပ်ပြီဆိုရင်ဒီလိုကြီးမအိပ်နဲ့..စသည်ဖြင့်..
ပေါ့လေ... ဒါကို..Etiquette လို့ခေါ်ပါတယ်...
ချက်တင်းကတော့လူတိုင်း..ထိုင်ဖူးကြမှာပါ...အရင်ဆုံးတတ်တဲ့အင်တာနက်နည်းပညာ
လဲဖြစ်နိုင်ပါတယ်..ဒါပေမယ့်...ချက်တင်းထိုင်ရင်ဘယ်လိုထိုင်၊ဘယ်လိုပြောရမယ်..
ဘယ်လိုယဉ်ကျေးမှုရှိတယ်ဆိုတာ...ကျွန်တော်ဖတ်မိသလောက်..ဘာသာပြန်ကြည့်
ပါမယ်.....။ မူရင်းအာဘော်ကတော့..အတော့်ကိုရှည်ပါတယ်..။မြန်မာပြည်နဲ့လဲ..
မကိုက်တာတွေရှိတာမို့လို့..ကိုက်ညီတာ..ကောင်းတာလေးတွေ..ဝေမျှသွားပါမယ်..။
ချက်တင်းထိုင်ရင်..မီးနီ၊မီးစိမ်း..တခါတလေ..မီးဝါလေး..လေးတွေတွေ့ဖူးကြမှာပါ..။
မီးနီကတော့...“မအားဘူး၊အလုပ်များနေပါတယ်၊နောက်မှ..ပြောရအောင်”လို့ဆိုလိုပါတယ်။
ဒါကြောင့်မို့..နီနေတာတွေ့ရဲ့သားနဲ့..အတင်းစကားပြောတာ..မကောင်းပါ(တချို့ကတော့..
လှလို့တမင်..တင်ထားတာဆိုရင်တော့မတတ်နိုင်ဘူး..နားမလည်သေးတာ..ဖြစ်ပါမယ်)။
မီးဝါကတော့..မေးလ်တွေ..အရေးကြီးစာတွေ..လုပ်မနေပေမယ့်..တခြားဝက်ဘ်ပေ့ဂ်ျကို
ရောက်နေပါတယ်..အဝေးမှာပါ...လို့အဓိပါယ်ရပါတယ်..ဒါကြောင့်မို့..ပြောချင်တာရှိရင်
မက်ဆေ့ထားခဲ့ပေါ့..။အဲ..မီးစိမ်းလေးကတော့ရှင်းပါတယ်..အဲဗားဂေါ်လီ..ပြောလို့ရပါတယ်၊
ပြောချင်တာပြောပါ..ပေါ့ဗျာ...
နောက်တခုက..တချို့တွေက..အွန်လိုင်းတက်ရင်...တွေ့သမျှလူအကုန်စကားလိုက်ပြောတယ်။
ပြီးလဲပြီးကြရင်..မပြောမဆိုထွက်သွားပါတယ်..ဒါကြောင့်မို့..အ၀င်မှာနှုတ်ဆက်ပြီဆိုရင်..အပြန်
မှာလဲနှုတ်ဆက်သွားပါ..။ဒါမှ..တဖက်သူ..စိတ်ချမ်းသာမှာဖြစ်တယ်..
နောင်တစ်ခုက..ချက်တင်းဆိုတာဟာ..မိတ်ဆွေတွေချင်းချင်းစကားပြောမှ..အရသာရှိသလို..
မသိတဲ့သူဆိုရင်..ပြောစရာကိုမရှိပါဘူး။..ဒါကြောင့်မို့..မသိတဲ့သူတွေဆိုရင်..အင်ဗိုက်မလုပ်
ပါနဲ့(မင်းသား၊မင်းသမိးတွေဆိုရင်တော့..တမျိုးပေါ့ဗျာ)..တချို့ကရှိတယ်...ကိုယ်လဲမသိပဲနဲ့
Fwd မေးလ်ကနေတွေ့သမျှလူတွေကို..အကုန်မိတ်ဆက်နေတော့တာပါ..။..ဒါပေမယ့်..သူနဲ့
ကိုယ်မသိဖူးဘူး..သို့ပေမယ့်..ကိစ္စရှိလို့..ချက်တင်းတက်ရမယ်ဆိုရင်...ဘယ်သူဘယ်ဝါပါ..။
အင်ဗိုင်လုပ်ထားပါတယ်..လက်ခံပါ..စသဖြင့်..မေးလ်လေးနဲ့..ပြောထားပါ..ဒါမှ..တဖက်သူ
နဲ့..ပြောရဆိုရတာ..အဆင်ပြေမှာဖြစ်ပါတယ်...စတဲ့..နည်းနာလေးတွေပါ..
ကျွန်တော်လဲအရင်က..သိပ်မသိဖူးလူး..ပြောတယ်..ထွက်ချက်ထထွက်သွားတာပါ။နောက်..
အင်ဗိုက်လုပ်ရင်လဲ..ဒီတိုင်ဘလိုင်းကြီး..ပါ..။
ကောင်းတယ်..ထင်လို့..ကျွန်တော့်ဘလော့ဂ်မှာတင်လိုက်တာပါ..။သဘောမတူတဲ့အချက်တွေရှိရင်လဲ
ဆွေးနွေးလို့ရပါတယ်..။ဒါပေမယ့်..ဒီဟာတွေက..ကျွန်တော့်အာဘော်တော့မဟုတ်ပါဘူးလို့ပြောရင်း
နဲ့..ရပ်ပါမယ်...
---------------------------------------------------------------

ဧပြီ ၁၆၊ ၂၀၁၀ယမန်နေ့ညနေ ကန်တော်ကြီးစောင်း သင်္ကြန်မဏ္ဍပ်ရှေ့၌ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် သေဆုံးသူများအနက် မင်္ဂလာတောင်ညွှန့်မြို့နယ် စည်ပင် အုပ်ချုပ်ရေးမှူးတဦးပါဝင်ကြောင်း ယနေ့ထုတ် သတင်းစာပါ နာရေးကြော်ငြာအရ သိရှိရသည်။
အစိုးရပိုင် တီဗီနှင့် သတင်းစာကြေငြာချက်အရ ၈ဦးသေဆုံးသည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး အမျိုးသား ၅ဦး အမျိုးသမီး ၃ဦးဟုပါရှိသည်။ ထိုသေဆုံးသူ ၈ဦးအနက် မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဖြစ်သူ အငြိမ်းစား ဗိုလ်ကြီး သန့်စင်သိမ်း (၃၂နှစ်) ပါဝင်ခဲ့ခြင်း ဖြစ်သည်။ မဇ္ဈိမ သတင်းဌါန၏ ဖေါ်ပြချက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် အေးချမ်းသာယာရေး ကောင်စီ ဥက္ကဌဖြစ်သူ ဦးကျော်ငြိမ်းလည်း ဒဏ်ရာရရှိသူများ အနက်ပါဝင်ကြောင်းသိရသည်။ မျက်မြင်တဦးက ပြောကြားရာတွင် -
“ပထမဗုံးတလုံး ပေါက်တော့ အဲဒီစည်ပင်အုပ်ချုပ်ရေးမှူး ဗိုလ်ကြီးသန့်စင်သိမ်းက အရင်ဆုံး သွားကြည့်တယ်။ အဲသည်မှာတင် နောက်တလုံး ထပ်ပေါက်ကွဲတော့ သူ့ကိုပါ တခါတည်း ထိသွားတော့တာပဲ။” ဟု ဆိုသည်၊ ယနေ့ညနေ ရေဝေးတွင် မီးသဂြိုဟ်မည်ဟု ဖော်ပြထားသည်။ ထိုမဏ္ဍပ်နှင့် စည်ပင်ရုံးဝင်းမှာ ပေ ၁၀၀ ခန့်သာ ဝေးသည်။
ယမန်နေ့က မြန်မာ့ရုပ်သံ၊ MRTV 4 တို့မှ ဗုံးကွဲသည့် သတင်းကိုဖြစ်ပွားသည့် ညနေထုတ်လွှင့်ခဲ့ရာတွင် ဒဏ်ရာရရှိသူ ၉၄ဦးရှိသည်ဟု ကြေငြာခဲ့သော်လည်း ယနေ့ထုတ် အစိုးရသတင်းစာများတွင်မူ ဒဏ်ရာရရှိသူ တိုးမြင့်လာခဲ့ပြီး အမျိုးသား ၁၂၅ဦးနှင့် အမျိုးသမီး ၄၅ဦး စုစုပေါင်း ၁၇၀ ဦးဟုဖေါ်ပြထားသည်။ ဒဏ်ရာရရှိသူများအား ရန်ကုန်ဆေးရုံကြီး သို့ပို့ဆောင် ပြီးကုသမှုခံယူစေသည်ဟုလည်း သတင်းများတွင် ဖေါ်ပြထားသည်။
ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ယခင်နှင့် မတူပဲ ဖြစ်ပွားပြီး နာရီအနည်းငယ်အကြာတွင် နိုင်ငံပိုင် သတင်းမီဒီယာများဖြစ်သည့် တီဗီ၊ MRTV 4နှင့် အက်ဖ်အမ်ရေဒီယိုများမှ ကြေညာထုတ်လွှင့်ခဲ့သည်ကို တွေ့ရပြီး ထိုသို့ချက်ခြင်း ကြေညာခြင်းမှာ ထူးဆန်းသည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုလျက်ရှိကြသည်။
ဗုံးပေါက်ကွဲမှုအတွက် မည်သူမည်ဝါလက်ချက် ဖြစ်သည်ဆိုသည့် ကြေညာချက်များ ယခုထိ ထွက်ပေါ်သေးခြင်းမရှိပဲ မသမာသူများ၊ အဖျက်သမားများဆိုသည့် စွပ်စွဲသည့် စကားလုံးများဖြင့်သာ သတင်းထုတ်ပြန်ခဲ့သည်။ ရန်ကုန်မြို့မှ ပေါက်ကွဲမှု အများစု၏ လက်သည်များကို တိကျသည့် သက်သေများဖြင့် ဖမ်းဆီးရမိခြင်း မရှိသလောက် ဖြစ်ပြီး လူများစွာ သေဆုံးခဲ့သည့် ယခင် ၂၀၀၅ခုက စီတီးမတ်နှင့် ရန်ကုန်ကုန်သွယ်မှု ဗဟိုဗုံးကွဲမှုကိုလည်း ယနေ့ထက်တိုင် ဖေါ်ထုတ်နိုင်ခြင်းမရှိခဲ့ပေ။ အခြားသော ပေါက်ကွဲမှု အများအပြားမှာ လူနှင့် ဝေးရာ ၊ ညအချိန်များတွင် ပေါက်ကွဲလေ့ရှိပြီး နအဖ အစိုးရက လုံခြုံရေးတင်းကြပ်လို၍ တမင်တကာ လုပ်ဆောင်ချက်ဟု အများက ယူဆလျက်ရှိကြသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်တနေ့ဖြစ်သည့် ယနေ့ ရန်ကုန်သင်္ကြန်နောက်ဆုံးနေ့မှာ ပေါက်ကွဲမှု ဖြစ်ပွားရာ တ၀ိုက်မှလွဲပြီး အခြားသောနေရာများတွင် ရေပက်ခံကားများ၊ မဏ္ဍပ်များဖြင့် ဆက်လက်ရေကစား နေကြသည်ကိုတွေ့ရသည်။
နောက်ဆက်တွဲ..(၁)ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ် ရှေ့၌ သင်္ကြန် အကြတ်နေ့ ဧပြီ (၁၅)ရက်၊ မွန်းလွဲ ၃ နာရီ ခန့်တွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့မှုကြောင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ၊ အမှတ် (၄)စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်းချို သည် မျက်နှာ နှင့် ၀မ်းဗိုက် တို့တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရသော အခြေ အနေတွင် ရှိကြောင်း အမှတ် (၁) တပ်မတော် ဆေးရုံကြီး ၊ ကုတင် (၁၀၀၀) မှ အမည် မဖော်လိုသူ အရာရှိကြီး တစ်ဦး ထံမှ စုံစမ်း သိရှိ ရပါသည်။ အမှတ် (၁) တမ်မတော် ဆေးရုံကြီး ၊ ကုတင် (၁၀၀၀) မှ တာဝန်ကျ အရာရှိ တစ်ဦးကတော့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမှတ် (၄) စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်ချို ဆေးရုံကို ရောက်ရှိလာပုံကို အခုလို ပြောပြ ပါတယ် ။ မွန်းလွဲ ၃ နာရီ ၃၀ လောက်မှာ ဗိုလ်မှူးကြီး အုန်းချို ကျွန်တော်တို့ တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) ကို ဒဏ်ရာ တွေနဲ့ ရောက်လာ ပါတယ် ၊ ဗိုလ်မှူးကြီး အုန်းချိုကို ခွဲစိတ်ပါရဂူကြီး ဗိုလ်မှူးကြီး အုန်းမောင်မောင်နဲ့ အကူ အရာရှိတွေ အချိန် (၃)နာရီကြာ ခက်ခက် ခဲခဲ ဗုံးစတွေကို ခွဲထုတ် ရပါတယ် ။ မျက်နှာမှာ ကတော့ ဒဏ်ရာ သိပ်မပြင်းပါဘူး ၊ ဒဏ်ရာပြင်းတာက ၀မ်းဗိုက်မှာပါ ၊ အသဲ နဲ့ အူမကြီးကို ဗုံးစတွေ တော်တော် ထိသွားပါတယ် ၊ အခု ဗိုလ်မှူးကြီး အုန်းချိုကို ကျွန်တော်တို့ အမှတ် (၁) တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) အထူး ကြပ်မတ်ဆောင်မှာ ထားပါတယ်။ ကျွန်တော် သိရ သလောက်တော့ အခြေအနေက မကောင်း ဘူးလို့ သိရ ပါတယ်။
တိုင်းမှူး တို့ ကျမ်းမာရေး ၀န်ကြီးတို့တော့ ဗိုလ်မှူးကြီး အုန်းချိုကို လာကြည့်ကြတယ်။ ဗိုလ်မှူးကြီး အုန်းချို မိသားစုတွေ ကတော့ ဒီမှာ အခြေအနေ မကောင်းတဲ့ အတွက် အရင်က နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း သွားကုတဲ့ စင်ကာပူက ဆေးရုံကို သွားကုဖို့ ကြိုးစားနေကြတယ် ဟု ဗိုလ်မှူးကြီး အုန်းချို မိသားစု နှင့် နီးစပ်သော အသိုင်း အ၀ိုင်း ထံမှ သိရှိ ရပါသည်။
နောက်ဆုံး ရရှိသော သတင်း အရ ဗိုလ်မှူးကြီး အုန်းချိုကတော်မှ တိုင်းမှူးကတော်ကြီး မှ တဆင့် တိုင်းမှူး အား အသနားခံပြီး ဗိုလ်မှူးကြီး အုန်းချိုအား စင်ကာပူ ဆေးရုံတွင် သွားရောက်ဆေးကုသခွင့် ရရှိရန် ကြိုးစားနေကြောင်း သိရပါသည်။
နောက်ဆက်တွဲ..(၂)
(က)ဗုံးပေါက်ကွဲမှု၏ အဓိက သံသယ တရားခံမှာ နအဖစစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ မြေးဖိုးလပြည့်(ခ)နေရွှေသွေးအောင် ဖြစ်သည်ဟု ယူဆနေကြပြီး ၊ ၄င်းတို့စစ်အစိုးရအတွင်းရှိ သူမကျေနပ်သော ဗိုလ်ချုပ်သားများကို လုပ်ကြံခြင်းဖြစ်ကြောင်း ခိုင်လုံတိကျသေချာသော သတင်းရပ်ကွက်မှ သတင်းရရှိပါသည်။နအဖ စစ်အစိုးရမှ ယင်းဗုံးပေါက်ကွဲမှု သတင်းကို ပြည်တွင်း မီဒီယာဂျာနယ်များ တွင် အကျယ်တ၀င့် ဖော်ပြရန် ညွှန်ကြားနေကြောင်း၊ ဂျာနယ်မျက်နှာဖုံးများ၌ပင် ကြီးမားစွာ ဖော်ပြခိုင်းနေကြောင်း၊ ဤပေါက်ကွဲမှုသည် မိမိတို့နှင့်မသက်ဆိုင်၊ မိမိတို့တွင်တာဝန်မရှိ ၊ မိမိတို့၏ လုပ်ကြံခြင်း မဟုတ်ကြောင်း သိသာစေရန် နအဖစစ်အစိုးရ၏ ကာကွယ်မှု တစ်ရပ်ပင်ဖြစ်ကြောင်း ပြည်သူများအကြား ပြောဆို ဝေဖန်လျှက်ရှိပါသည်။
(ခ)နောက်ဆက်တွဲသတင်းများမှာ နအဖစစ်အစိုးရ၏ ခေါင်းဆောင်သန်းရွှေ၏ မြေး ဗိုလ်ချုပ်မှုးလေး ဖိုးလပြည့်အား စစ်ဖက်မှ ဗိုလ်ချုပ်တစ်ဦး၏ သားဖြစ်သူမှ လုပ်ကြံခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိပါသည်။ ယင်းပေါက်ကွဲမှု မဖြစ်ပွားခင် ၂ရက်အလိုတွင် စရဖ ထောက်လှမ်းရေးအဖွဲ့မှ သတင်းကြိုတင်ရကြောင်း၊ ယင်းဖေါက်ခွဲရေးဗုံးကို X20 မဏ္ဍာပ်ပေါ်မှနေ၍ LINCONL ကုမ္ပဏီမှဆေးလိပ်များ၊ အရက်ပုလင်းများ ကြဲချရာတွင် ရော၍ပစ်ချကြောင်း၊ ဖေါက်ခွဲမှုပြုလုပ်သူများမှာ နအဖစစ်အစိုးရ စွပ်စွဲပြောဆိုနေသော တိုင်းရင်းသားအဖွဲ့အစည်း၊ ကျောင်းသားအဖွဲ့အစည်းများ မဟုတ်ဘဲ နအဖစစ်အစိုးရ စစ်တပ်မှ လူများအချင်းချင်း လုပ်ကြံမှုဖြစ်ပါကြောင်း ခိုင်လုံသေချာတိကျသော သတင်းရပ်ကွက်များမှ သိရပါသည်။
Read more...
Subscribe to:
Posts (Atom)