ကျွန်တော်နှင့်နံရံများ
ကျွန်တော်တို့တတွေ..နံရံတွေနဲ့အမြဲပဲထိတွေ့နေခဲ့ကြပါတယ်။ကွန်ကရစ်၊သစ်သား ...စသဖြင့်
ကျွန်တော်တို့တတွေနဲ့..နီးစပ်သလို..နံရံတွေပေါ့။ ဒီနံရံတွေထဲ...တချို့တွေဟာ..ကျွန်တော်တို့
လိုလားစွာတည်ဆောက်ခဲ့ကြခြင်း..ဖြစ်ပေမယ့်..တချို့သောနံရံတွေကတော့..ကိုယ်မသိလိုက်
ခင်မှာ..တိတ်တဆိတ်၊၀င်ရောက်လာခဲ့ပါတယ်။
ကျွန်တော်ဟာ..နံရံလေးဘက်ကြားမှာ...နေထိုင်နေသူတဦးဖြစ်မှန်း..အချိန်တော်တော်လေး
ကြာမှ..သိခဲ့ရတယ်။ မိမိရဲ့ကိုယ်ပိုင်ဆန္ဒ၊ မိမိလုပ်ဆောင်သင့်သောကိစ္စ၊ ပတ်ဝန်းကျင်၏အလို
နှင့်..ကံကြမ္မာ..ဆိုတဲ့..နံရံလေးဘက်ကြားက...နေထိုင်နေသူဖြစ်နေခဲ့ပါတယ်။..
လူ့ဘ၀ဟာ...ခဏတာဆိုကြပေမယ့်၊တခါတရံ..ရှည်လျားတဲ့အိမ်မက်ရှည်တခုလို့..ခံစားနေမိ
ပြန်ပါတယ်။အိမ်မက်ဟာ.နိုးထချိန်ရှိပေမယ့်၊နိုးထခြင်းမရှိ...သေဆုံးခြင်းနဲ့အဆုံးသတ်သွားတဲ့
အိမ်မက်၊မက်သူတွေအကြောင်းစဉ်းစားနေမိခဲ့တယ်။ပန်းချီဆရာကြီးဗန်ဂိုးရဲ့“အာလူးစားသူများ”
ပန်းချီကား..ရဲ့အရသာကိုတရှိုက်မက်မက်တွေးနေရင်လဲတွေးနေခဲ့တယ်..။
လူဟာ..နံရံတွေအကြား(ကိုယ်တည်ဆောက်ထားခြင်းမဟုတ်သော) နေထိုင်နေခဲ့ပေမယ့်..
တံတိုင်းတွေရဲ့..မြင့်မောင်းမှုကြောင့်လား၊မျှော်ကြည့်ဖို့ကိုမတတ်နိုင်တာလားမသိရတဲ့..ဖြစ်စဉ်
(phenomenon) ကြောင့်..အကျဉ်းသားတွေဖြစ်မှန်းမသိဖြစ်နေခဲ့ရတယ်။
တကယ်လို့သာ...နံရံတွေတခုအကြောင်းပြောပါဆိုခဲ့ရင်၊..လုပ်ဆောင်သင့်သောကိစ္စနံရံကိုတည်
ဆောက်ထားတဲ့..၊ မိမိရဲ့ဆန္ဒနံရံကိုမေ့ထားခဲ့ရတဲ့... မရှိအပ်တဲ့မာန၊တောင်းပန်မှု၊ဆွေးနွေးမှု
တွေ....အကြောင်း၊ကျွန်တော်..ပြောချင်နေမိတယ်။
ခင်ဗျားကော..လုပ်သင့်မှန်းသိရက်နဲ့မလုပ်ခဲ့တာ၊လုပ်ချင်တဲ့ဆန္ဒရှိနေပါရက်နဲ့လွဲခဲ့ရတဲ့အဖြစ်တွေ
ဘယ်လောက်တောင်..အကြွေးတင်နေပြီလဲ?
တက္ကဗေဒနည်းနဲ့တွေးကြည့်ရရင်.. လူ+ဆန္ဒ+၀တ်တရား=ဘ၀ ဖြစ်တယ်ဆိုကြပါစို့။
တိရိစ္ဆာန်+ဆန္ဒ=ဘ၀ လို့တွေးကြည့်ရင်... လူ+၀တ်တရား=တိရိစ္ဆာန် လို့Equation ထွက်ပါတယ်။
ဆိုတော့လူမှာ.. ၀တ်တရားသာမဲ့ခဲ့ရင်၊ဒါမှမဟုတ် (လူ-၀တ်တရား=ဘ၀=တိရိစ္ဆာန်)လို့..အဖြေရ
ပါတယ်။ဒါကြောင့်..ဒီလောကခဏတာဘ၀၊ဆောင်းညအိမ်မက်ရှည်ထဲမှာ..ကိုယ်ဘယ်လောက်
တာဝန်ကြေခဲ့သလဲ..ဆိုတာနဲ့တိုင်းတာပြီး...နံရံတွေကနေ..ပဲ့တင်သံလာပါလိမ့်မယ်..။
ပျော်ရွင်မှုဆိုတာ..၊မိမိကိုယ်တိုင်ရဲ့ဖန်တီးမှု..ပဲလို့ဗုဓ္ဒ..ဟောခဲ့သလို၊သမ္မာကျမ်းမှာ..ကိုယ်စိုက်သ
ကဲ့သို့ကိုယ်ရိတ်ရမယ်..လို့ယေရှုကဟောကြားခဲ့ကြတယ်။
ဒါကြောင့်နံရံတွေကို..ထပ်မမြှင့်ပါနဲ့တော့။လျှော့ချ၊နှိမ့်လိုက်ကြရအောင်လားဗျာ..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment