ဖြစ်တည်မှု၏နိဓါန်း(သို့)နိဂုံး

ဘ၀ဆိုတာထုဆစ်ဖို့
ငါ့စမ်းသပ်ခန်း*ဆောက်တည်နေရဆဲ
ငါ့ဖြစ်တည်မှုပဓါနကိုငြင်းဆန်ရင်း
မုသားအပြည့်နဲ့အတ္တဘ၀လောကမှာ
ဆက်လှမ်းဖို့ဝိရောဓိဖြစ်နေခဲ့တယ်
အစၹ်တၱအက်ဆံုးၿဖစ္တည္မွဳပံုသ႑န္ကို
စုံလုံးကန်းယန္တယားတခုအတွက်
ပူဇော်ပြစ်ဖို့ဆိုတာ
ငိုက်မျဉ်းနေတဲ့ပဋိပက္ခကို
ရုပ်လွန်သစ္စာ**ကနေဆွဲသွင်းလိုက်ခြင်းဖြစ်သလို
ဖြစ်ပေါ်နေတဲ့အတ္တ***ကွက်လပ်ကို
ပုံသေကားချဖြည့်ဆည်းရမှာကတော့
နိစ္စဓူဝအရေးအတွက်နဲ့
စိတ်အလိုလိုက်တဲ့ကစားပွဲသာဖြစ်နေတော့
နောက်ဆုံးမှာမျှော်လင့်ခြင်းဆိုတာသာ
တရားဝင်သင်္ကေတဖြစ်နေခဲ့ပေါ့
သေချာနေတဲ့အရာတခုက
ဖွဲ့စည်းပုံအသစ်အတွက်
ငြီးငွေ့မှုတွေကိုငြီးငွေ့နေတဲ့
ငါ့အတ္တအဆွေးတွေကို
မီးသင်္ဂြုလ်ရလိမ့်မယ်
ကဲ...ခု.....
ကျွန်တော့်ကိုမေးခွန်းအသစ်ပေးကြပါ။ ။

19-4-2010
10:45pm
note:*=Demonstration;**=Metaphysical;***= Ego

No comments:

Post a Comment