၁. ကောင်မလေး။ ။ ရှင် ..ကျွန်မတစ်ယောက်တည်းကို ချစ်တာသေချာလား..

ကောင်လေး။ ။ သေချာပါတယ်ကွာ.. ကိုယ်မနေ့ကဘဲ ကိုယ့်ရည်းစားစာရင်းကို သေချာ ပြန်စစ် ကြည့်ပြီးပြီ..

၂. ဆရာမ။ ။ ကိုယ်ပြောနေတာကို စိတ်ဝင်စားမှန်းမသိ၊ မ၀င်စားမှန်းမသိဘဲ စကားတွေ ဇွတ်ပြီး ပြောနေတဲ့ သူမျိုးကို ဘယ်လိုခေါ်လဲ

ကျောင်းသား။ ။ ဆရာမလို့ခေါ်ပါတယ်..

၃. စားပွဲထိုး။ ။ ဆရာ ကော်ဖီက ဘလက်ကော်ဖီဘဲ ယူမှားလားခင်ဗျာ

စားသုံးသူ။ ။ မင်းတို့ဆိုင်မှာ ကော်ဖီက ဘာအရောင်နဲ့များ ရသေးလို့လဲ?

၎. ကောင်လေး။ ကိုယ် မင်းလက်ကလေးကို ကိုင်ထားပါရစေ

ကောင်မလေး။ နေပါစေ ကျွန်မလက်က ဒီလောက် မလေးပါဘူး..

၅. တရားဟောဆရာ။ ဆမ်.. ငါ့ကို အမှန်အတိုင်းပြောစမ်း မင်းဟာ ထမင်းမစားခင်မှာ ဆုတောင်းလား. မတောင်းဘူးလား?

ဆမ်။ ။ ဆုတောင်းဖို့မလိုပါဘူးခင်ဗျာ.. ကျွန်တော့အမေက ဟင်းချက်ကောင်းပါတယ်…

၆ ဆရာမ။ ။ ကဲ တစ်ထပ်တည်းကျတဲ့ တိုက်ဆိုင်မှု တစ်ခုခုကို နမူနာ ပြောပြ စမ်းပါဦးကွယ်..

ကျောင်းသား။ ။ကျွန်တော့အဖေနဲ့ အမေဟာ တစ်ချိန်တည်း တစ်နေရာတည်းမှာ မင်္ဂလာဆောင်ခဲ့ပါတယ် ဆရာမ.

၇ ဆရာ။ ဂျောခ်ျ့ဝါရှင်တန်ဟာ ခွင့်ပြုချက်မရဘဲ သူ့အဖေ သိပ်နှစ်သက်တဲ့ ချယ်ရီပင်လေးကို ပုဆိန်နဲ့ ခုတ်လှဲပစ်လိုက်တယ်.. ဒါပေမဲ့ သူ့အဖေက သူ့ကို အပြစ်မပေးခဲ့ဘူး.. အဲဒါဘာကြောင့်လဲဆိုတာ ဘယ်သူသိလဲ?

ကျောင်းသား။ ။ သူ့လက်ထဲမှာ ပုဆိန် ကိုင်ထားဆဲဖြစ်လို့ပါဆရာမ

၉. ဆရာမ။ နေနဲ့ လ ဘယ်ဟာက ပိုပြီး တို့တွေအတွက် အရေးကြီးတယ် ထင်သလဲ

ကျောင်းသား။ လပါဆရာမ

ဆရာမ။ ဘာဖြစ်လို့လက ပိုအရေးကြီးတာလဲ?

ကျောင်းသား။ လက ကျွန်တော်တို့ အလင်းရောင် လိုအပ်နေတဲ့ ညမှ ပေါ်လာပြီးတော့ နေကတော့ အလင်းရောင်မလိုအပ်တဲ့ နေ့လည်မှ ပေါ်လာလို့ပါ။

၁၀. ဆရာမ။ ဆမ် မင်းဟာတော်တော်ကို စကားများပါလား

ဆမ်။ ကျွန်တော်တို့ မျိုးရိုးက စကားများတဲ့ မျိုးရိုးမို့ပါ

ပြောစမ်းပါဦး မင်းတို့မျိုးရိုးက ဘာတွေမို့လဲ

ဆမ်။ ကျွန်တော့ အဖိုးက နိုင်ငံရေးတရားဟောတဲ့သူ၊ ကျွန်တော့်အဖေကတော့ ကျောင်းဆရာ

ဆရာမ။ မင်းအမေကရော

ဆမ်။ ကျွန်တော့အမေက မိန်းမ တစ်ယောက်ဖြစ်လို့ပါ..

No comments:

Post a Comment