Window 7 &Window Vista ကို..Window XPမှာမျိုးပွားမယ်
ဘော်ဒါတွေ.. XP သုံးနေရင်း..တန်းလန်း..သူများတွေသုံးနေတဲ့..Window 7,window vista တွေကို
သွားရေကျနေခဲ့ရင်..ဒီ..ခုကျွန်တော်တင်ပေးမယ့် ဟာလေးကိုသုံးကြည့်ကြပါ။
ဒီဟာလေးကို..ကျွန်တော် mmit ကနေရလာတာပါ.. ဒီအတွက်..
ကိုထက်ဇော်ကိုကျေးဇူးတင်ပါတယ်။ခုကျွန်တော်..ပေးထားတဲ့ လင့်ခ် တွေထဲက ပထမဆုံး လင့်ခ်က Window Vista ပုံစံပြောင်းပေးမယ့်Software ရဲ့ Download link ဖြစ်ပါတယ်..
လိုချင်ရင် ဒီမှာ နှိပ်ပြီးဒေါင်းနိုင်ပါတယ်ခင်ဗျာ...။
Software ရဲ့ download link ကိုပေးပါမယ်..။
ဒီ..ကျွန်တော်ပေးခဲ့တဲ့..software တွေဟာ.. ဒေါင်းပြီးရင်
Reboot မလို..CD တစ်ချပ်မလို ဒေါင်းလုဒ်၊ လုပ်ပြီးတာနဲ့ တန်းသုံးလို့ရပါတယ်..ခင်ဗျ..။ကဲ..ပြောနေ
ရင်ကြာတယ်....ဒေါင်းလိုက်တော့..နော်..
ပထမ ပုံစံအတွက်က.... ဒီမှာ....
ဒုတိယ ပုံစံအတွက်က..ဒီမှာပါ.....
အဲ .. ဒါပေမဲ့ အဲဒီမှာ..နောက်တစ်ခု တော့ ကျန်သေးတာက.. အဲ့အပေါ် က Theme တွေမှာ တစ်ချို့ တစ်လေက Theme ပဲပြောင်းပေးသွားတာ ။ Mouse Properties ကို တစ်ချို့ ဟာတွေက ပြောင်းမပေးသွားဘူး ဗျ ။ အဲ့ဒါကြောင့် Mouse Pointer နဲ့ Loading မှာတော့ XP စတိုင်တွေပဲ ကျန်ခဲ့မှာ ။ ဒါပေမဲ့ မပူပါနဲ့  ။ အဲ့ Mouse Pointer ကို သီးသန့် ပြောင်းပေးတဲ့ ဟာလေးပါ တင်ပေးလိုက်တယ်ဗျာ ။ အဆင်ပြေအောင်ပေါ့ ။ Theme တွေမပြောင်းပဲ Mouse Properties လေးပဲ ပြောင်းသုံးချင်သုံးပေါ့ ။ မိုက်တာတော့ မိုက်တယ်နော် .. ။
အဲဒါကို.. ဒီမှာ ယူပါခင်ဗျာ....
(မြန်ပြည်သားတွေကတော့..ဒီနေရာ..ကနေ..သွားယူတော်မူကြပါကုန်)
Read more...
ကျွန်တော်ကြိုက်မိတဲ့..Punk'Rock သီချင်းလေးပါ။ အသံရှရှ နဲ့ Paramore ရဲ့ Brick by Boring Brick ပါ။
Numetal နဲ့ Emo စော်&ဘဲ တွေကြိုက်မယ်ထင်ပါတယ်။
Read more...
Numetal နဲ့ Emo စော်&ဘဲ တွေကြိုက်မယ်ထင်ပါတယ်။
Read more...
ဒီလမ်းမကြီးရဲ့ဘေး..... ၀ိုင်းစုခိုင်သိန်းဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်
အီမိုခရေဇီ တွေနဲ့ ဖော်ကွာဝေး..ဘော်၊စော်တွေ နားဆင်ဖို့ပါ...
Read more...
အီမိုခရေဇီ တွေနဲ့ ဖော်ကွာဝေး..ဘော်၊စော်တွေ နားဆင်ဖို့ပါ...
Read more...
ဘာကြောင့်လဲ...?
ကျွန်တော်တို့တွေဟာ..ဒီတိုင်းပြည်ရဲ့..လူငယ်တွေပါ..
ကျွန်တော်တို့တွေဟာ...ဒီတိုင်းပြည်ရဲ့..အသီးအပွင့်တွေပါ...
ကျွန်တော်တို့တွေဟာ...ဒီတိုင်းပြည်ရဲ့..အနာဂတ်တွေပါ
ကျွန်တော်တို့တွေဟာ...ဒီတိုင်းပြည်ရဲ့..မျိုးဆက်တွေပါ
ကျွန်တော်တို့တွေဟာ...ဒီတိုင်းပြည်ရဲ့....အိမ်မက်တွေပါ
နောက်ဆုံး..ကုန်ကုန်ပြောရရင်.... ကျုပ်တို့ဟာ..
ဒီတိုင်းပြည်ကို............သိပ်ချစ်ကြတဲ့သူတွေပါ..
ဘာကြောင့်များ....နေချင်စရာကောင်းလှတဲ့တိုင်းပြည်ကနေ
ကျုပ်တို့တိုင်းပြည်ရဲ့..ပညာရှင်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ နိုင်ငံရေးကျောင်းသားတွေ..နဲ့
လူသားအရင်းမြစ်တွေဖြစ်တဲ့ ကျုပ်တို့..ရဲ့..ပျိုရွယ်နေသေးတဲ့..အစ်ကို၊ အစ်မ
ညီတွေနဲ့..ညီမ...တိုင်းတပါး၊ သူများဆီမှာ
ဘာကြောင့်များ...ရောက်နေရတာပါလိမ့်
ဘာကြောင့်များ..ဒီတိုင်းပြည်ကလူတွေဟာ
(ဘာမှလဲမလုပ်ခဲ့ရပါပဲ)တိုင်းပြည်ခြားမှလူတွေဆီမှာ..
ဘာကြောင့်များ......မျက်နှာငယ်နေရတာလဲ
ဒီတိုင်းပြည်ကလာမှန်းသိတာနဲ့..
ဘာကြောင့်များ...တပြည်သားတွေက..အထင်မြင်သေးတဲ့မျက်လုံးတွေပို့လွတ်ကြတာလဲ
ငါတို့..ဒီတိုင်းပြည်မှာမွေးခဲ့တာအပြစ်တခုမဟုတ်ခဲ့ရင်...ဒီအဖြစ်တွေဖြစ်အောင်
လုပ်ခဲ့တဲ့..အပြစ်ရှိသူဟာ..ဘယ်သူလဲ...?
ဘာကြောင့်များ....ကိုယ်အဖေအမေ၊မိဘအသိုင်းဝိုင်းနဲ့ခွဲပြီး
(ဘယ်သူမှခွဲချင်မှာမဟုတ်ပေမယ့်)
ဘာကြောင့်များ......သူတပါးတိုင်းပြည်မှာ...
အောက်ကျနောက်ကျနဲ့..ပညာရှာနေရတာလဲ
ဲ( ဒီတိုင်းပြည်မှာဘာလို့သင်ယူခွင့်မရကြတာလဲ? ဒီတိုင်းပြည်ကပညာရေးဘာလို့နိမ့်ကျနေရတာလဲ)
ဘာကြောင့်များ....ပြည့်စုံတဲ့သဘာဝသယံဇာတတွေကြွယ်ဝနေရဲ့သားနဲ့..
တပါးမြေမှာ...အလုပ်သမားတွေလာဖြစ်နေကြရတာလဲ..ကျုပ်တို့တွေဟာ...
သူတပါးတိုင်းပြည်သားတွေ..ခိုင်းဖို့..ဒီတိုင်းပြည်မှာလူလာဖြစ်နေကြရတာလား..
(၀ဋ်ကြွေး...ပါ..လာမပြောနဲ့...လာခဲ့ဒီဝဋ်ကြွေး..နုပ်နုပ်စဉ်းပြစ်လိုက်မယ်)
ဘာကြောင့်များ.."ရွှေတွေ"ဟာ "စ၊ ဖ၊ ယ၊ ဘ၊ အ၊ မ" တွေကြားမှာ...
လူကအရည်အချင်းရှိပေမယ်...ဒီနိုင်ငံသားဖြစ်ရခြင်းကြောင့်....
ဘာကြောင့်များ.....နောက်ကောက်ကျ..ကျဉ်ခြင်း..ခံနေကြရတာလဲ...
(လခများများရလို့..ငါအလုပ်သမားမဟုတ်ဖူးဆိုပြီးကိုယ့်ကိုယ်ကို..လိမ်နေကြရတဲ့
ဒီနိုင်ငံသားတွေ..၊ တပါးနိုင်ငံသားလိုလိုဟန်ဆောင်နေကြရတဲ့ဒီနိုင်ငံသားတွေကို
သနားမိတယ်၊ အထူးသဖြင့်..ဒီနိုင်ငံသားဖြစ်နေရက်နဲ့..ကိုယ့်နိုင်ငံသားတွေကို..
အဖက်မတန်သလိုလုပ်သော..ရွှေကျီးများကို ပြင်းပြင်းထန်ထန် ရှုံ့ချတယ်..
ကျီးကန်းဟာ...ကျီးကန်းပါပဲ...)
ဘာကြောင့်များ ...တိုင်းပြည်ကိုသိပ်ချစ်ကြတဲ့သူတွေဟာ..
တိုင်းပြည်ပြင်ပကိုရောက်နေကြရပြီး....
တိုင်းပြည်ကိုရောင်းစားမယ့်ကောင်တွေဟာ...
ဘာကြောင့်များ ....အိမ်ဦးခန်းပေါ်ရောက်နေရတာလဲ...
ဒါတွေဘယ်..ကောင်တွေကြောင့်လဲ...
ဒါတွေဘယ်..ကောင်တွေကြောင့်လဲ..
ဒါတွေဘယ်ကောင်တွေကြောင့်လဲ....
(POD တွေရဲ့..Youth of The Nation သီချင်းကို..နားထောင်တယ်...တွေးမိတာတွေရှိလာတယ်..
ပြောချင်စိတ်လဲဖြစ်လာတယ်..ဒါနဲ့..ကိုယ်တွေ့နေ၊မြင်နေရတာတွေချရေးလိုက်တယ်။
သေချာတာက... မြန်မာပြည်သားတွေ.. ရင်ဘတ်ခြင်းတူရင်..ကြိုက်ကြပါလိမ့်မယ်...
အထူးသဖြင့်..ပြည်ပရောက်"ရွှေ"တွေ..ပေါ့လေ..)

Subscribe to:
Posts (Atom)